ဖနိဒါ
ချင်းမိုင်(မဇ္ဈိမ) ။ ။ သမ္မတ ဦးသိန်းစိန်မှ တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်းအလိုက် ပြည်နယ် အစိုးရများ
နှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်ခြင်းလိုက်ခြင်းသည် တိုင်းရင်းသားများ၏ သွေးစည်းညီညွတ်မှုကို ဖြိုခွဲရန် ကြံစည်မှုသာဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ်က မဇ္ဈိမကို
ပြောသည်။
“ကျနော်တို့က မဟာမိတ်အနေနဲ့ပြောမှာ၊ အသီးတရာ အညှာတခုပေါ့၊ တဖွဲ့ချင်းခွဲပြီး ပြောတယ်ဆိုတာ အရင်
အစိုးရ လုပ်ခဲ့တဲ့ ပေါ်လစီပဲ။ အဲဒီအတိုင်း လမ်းလျှောက် နေတယ်။ ဒါက အချိန်ဆွဲတဲ့ သဘောလည်း ပါတယ်။
နောက်ပြီးတော့ ကျနော်တို့ ညီညွတ်ရေးကိုခွဲဖို့ အစီအစဉ် ဖြစ်တယ်။ ဒါက မရိုးသားဘူး။ မှန်ကန်တဲ့ တွေ့ဆုံ
ဆွေးနွေးမှု မဖြစ်နိုင်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။
ထို့အပြင် လက်ရှိ တိုင်းရင်းသား အဖွဲ့များသည် စည်းလုံးညီညွတ်မှု ရရှိနေပြီးဖြစ်၍ သဘောထား ကွဲလွဲမည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု NDF ဥက္ကဋ္ဌ လည်းဖြစ်သူ ပဒိုဒေးဗစ် သာကပေါ်က ပြောသည်။
စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်းစု ပေါ်ထွန်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်မြောက်ရန် အတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း မဇ္စျိမကို ပြောသည်။ ထို့အပြင် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးသည်
ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ခြင်း မဟုတ်ခြင်းကြောင့် နိုင်ငံရေး ဆွေးနွေးရေးကို လုပ်ဆောင်သင့်
ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တွဲဘက်အတွင်းရေးမှူး ဦးလနန်က ပြောသည်။
“သူတို့က လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီးဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေးကို ရတယ်လို့ အဓိပ္ပါယ် ကောက်ယူ ထားမှုဟာ ဒီမဆလ ခေတ် ကတည်းကနေ သုံးလာတဲ့ အသုံးအနှုန်းပါ။ ဒီအစိုးရသစ်လည်း ဒီအခေါ်အဝေါ်ကိုဘဲ အသုံးပြုထားတယ်။ တကယ်တော့ ငြိမ်းချမ်းရေးရဖို့ နိုင်ငံရေးနည်း လုံးဝ ဖြေရှင်းရမယ့် ကိစ္စပါ။ ကျနော်တို့ လိုချင်တာက နိုင်ငံရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း ဆိုတာမျိုးတော့ ဖြစ်စေချင်တယ်”ဟု သူက မဇ္စျိမကို
ပြောသည်။
တိုင်းရင်းသား ဒေသများတွင် အစိုးရတပ်မှ တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး တွေ့ဆုံ ဆွေးနွေး အဖြေရှာရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ကောင်စီ UNFC မှ ယခုလ ၁၇ ရက်နေ့တွင် သမ္မတထံသို့ စာရေးသား
ပေးပို့ခဲ့သေးသည်။
သို့သော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကိုယ်စားပြုသည့် UNFC မှ ကမ်းလှမ်းချက်ကို အစိုးရဘက်မှ လက်ခံနိုင်ခြင်းကြောင့်လည်း သက်ဆိုင်ရာ ပြည်နယ်အလိုက် လက်နက်ကိုင်တဖွဲ့ချင်းစီနှင့် ဆွေးနွေးမည်ဆိုသော အစိုးရ ကြေညာချက် ထွက်လာခြင်းဖြစ်နိုင်သည်ဟု နိုင်ဟံသာက သုံးသပ်သည်။
“အမှန်က ဦးတို့အနေနဲ့ စုပေါင်းပြီးတော့ UNFC အနေနဲ့ ဆွေးနွေးမယ်ဆိုတာကို လက်မခံချင်လို့ အဲဒီလို ပန်ကြား
တဲ့ သဘောထားလည်း ဖြစ်နိုင်တယ်လေ။ အမှန်က စုပေါင်းပြီးတော့ လုပ်လိုက်ရင် အမြန်ပြီးနိုင်တဲ့ ကိစ္စပါ။ အဲဒါကို အချိန်ဆွဲပြီး လုပ်မယ်ဆိုရင်တော့ အကျိုးမရှိပါဘူး။ ဒီလိုလုပ်တာက သဘာဝ ကျရဲ့လားပေါ့”ဟု နိုင်ဟံသာက မဇ္စျိမကို ပြောသည်။
သမ္မတထံ ၁၇ ရက်နေ့က ပေးပို့သည့်စာကို အမေရိကန် သမ္မတ အိုဘားမား၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းတို့ အပါအဝင် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ အီးယူ စသည့် နိုင်ငံများမှ ဝန်ကြီးများထံသို့လည်း သောကြာနေ့
တွင် ပေးပို့သည်ဟု သိရသည်။
အစိုးရနှင့် အပစ်ခတ် ရပ်စဲထားသော UWSA က ငြိမ်းချမ်းရေး ဆွေးနွေးရေး တဖွဲ့ချင်း ဆွေးနွေးမှုနှင့် ပတ်သက်၍ ဗဟိုကော်မတီအနေဖြင့် ဆွေးနွေးဆုံးဖြတ်ခြင်း မရှိသေးသဖြင့် သဘောထား မပေးနိုင်သေးကြောင်း ဝ ပါတီမှ
ပြောခွင့်ရသူ ဦးအောင်မြင့်က ပြောသည်။ ယင်းအဖွဲ့သည် UNFC တွင် မပါဝင်မရှိသော်လည်း မဟာမိတ်အဖွဲ့
ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြည်တွင်းဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၁၂ ဖွဲ့က အခြေခံ ၆ ဖွဲ့နှင့် မဟာမိတ် ၆ ဖွဲ့အဖြစ်ဖွဲ့စည်းပြီး
အစိုးရက စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာလျှင် စုပေါင်း၍ ခုခံကာကွယ်နိုင်ရန်အတွက် UNFC ကို စတင် ဖွဲ့စည်းခဲ့သည်။
ထိုအထဲတွင် UWSA၊ KIO၊ NMSP၊ SSA-N၊ မိုင်းလား ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ NDAA
တို့က ယခင် နဝတ အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သော်လည်း ကိုယ်ပိုင်ပြဌာန်းခွင့် မရရှိခဲ့သဖြင့် ယင်း UNFC တွင် ပြန်လည် ပေါင်းစည်းခဲ့ခြင်း ဖြစ်သည်။
19 August 2011
တဖွဲ့ချင်း ဆွေးနွေးရန် ကမ်းလှမ်းချက် တိုင်းရင်းသား ညီညွတ်မှုကို ဖြိုခွင်းခြင်းဟုဆို
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment