Written by DVB
ပြည်ပ ရောက် နိုင်ငံသားတွေ ပြန်လာပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင် ရွက်ကြဖို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဖိတ်ခေါ်မှုဟာ တိုင်းပြည် ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ဝေဖန် ရှုတ်ချလိုက်ပါတယ်။
မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ တွေ့ဆုံပွဲအတွင်း သမ္မတမိန့်ခွန်းမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြန်လာဖို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ဝေဖန်ရှုတ်ချလိုက်ပါတယ်။
သမ္မတရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးကတော့ ဒီကမ်းလှမ်းချက်ဟာ စစ်မှန်တဲ့ ကမ်းလှမ်းချက် မဟုတ်သလို နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းမှ နိုင်ငံတခုလုံးရဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ကေအန်ယူရဲ့ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ပြောပါတယ်။

နော်စီဖိုးရာစိန်
“နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှပဲ ပြဿနာတွေ ပြေလည်မယ်။ ဒါပေမယ့် ဒီလိုပဲ ပြန်လာပြီးတော့ အာမခံချက် မရှိဘူးဆိုရင်၊ ဘာမှပြောင်းလဲမှု ရှိမှာမဟုတ်ဘူး။ တကယ်လို့ သူတို့က စေတနာမှန်မှန်နဲ့ လုပ်မယ်ဆိုရင် တကယ်ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှပဲ ပြေလည်မယ်။”
မွန်ပြည်သစ်ပါတီရဲ့ အထွေအတွင်းရေးမှူးလည်းဖြစ် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အတွင်းရေးမှူးလည်း ဖြစ်တဲ့ နိုင်ဟံသာက ဒီကမ်းလှမ်း ဖိတ်ခေါ်ချက်ဟာ တံခါးဝမှာ ဓားထမ်းပြီး ခေါ်သလို ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment