ချင်းမိုင် (မဇ္ဈိမ) ။     ။ ရုရှနိုင်ငံတောင်ပိုင်းတွင် စနေနေ့က  လေယာဉ်တစီးပျက်ကျရာ မြန်မာလေယာဉ်မှူး ၂ ဦးအပါအဝင် လေယာဉ်ပေါ်ပါသူ ၆  ဦးလုံးသေဆုံးကြောင်း ရုရှသတင်းဌာန RIA Novosti သတင်းတရပ်တွင် ပါရှိသည်။
An-148 အမျိုးအစား လေယာဉ်ကို စမ်းသပ်ပျံသန်းနေစဉ်
An-148 အမျိုးအစား လေယာဉ်ကို စမ်းသပ်ပျံသန်းနေစဉ်

ပျက်ကြသွားသည့် လေယာဉ်အမျိုးအစား An-148 (photo :: wikipedia.org)
မြန်မာစစ်အစိုးရက ခရီးသည် ၁ဝဝ အထိစီးနင်းနိုင်သော An-148 အမျိုးအစား လေယာဉ်နှစ်စီး ရုရှားမှ မှာထားပြီး ပထမတစင်းကို ဤလအတွင်း မြန်မာနိုင်ငံ ပို့ရမည်ဟု နိုင်ငံပိုင်သတင်းအေဂျင်စီ RIA Novosti က ဆိုသည်။
လေယာဉ်ပျက်ကျခါနီး ရွာပေါ်သို့မကျအောင် မြန်မာလေယာဉ်မှူးတဦးက လမ်းကြောင်း ပြောင်းပေးသွားခဲ့သည်ဟု ရုရှသတင်းဌာန LifeNews မှ သတင်းစာဆရာတဦးက မဇ္ဈိမသို့ ပြောသည်။
လေယာဉ်ပျက်ကျစဉ်က မြေပြင်တွင် ပျက်ဆုံးဆုံးရှုံး သေဆုံးမှု မရှိကြောင်း သိရသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment