http://www.irrawaddyblog.com/
လေယာဉ်ပေါ် ပါသွားတဲ့ လေယာဉ်မှူးတွေ၊ အကူဝန်ထမ်းတွေ စုစုပေါင်း ၆ ဦးသေဆုံးတယ်။ မြန်မာ ၂ ဦး ပါတယ် လို့ သတင်းတွေက ဆိုတယ်။ ဒီ ၂ ဦးအမည်တွေက ဒီမှာ ဖော်ပြထားချက်အရ ထိန်လင်းအောင်၊ ဇော်ထွန်းအောင် တို့ ဖြစ်ပါတယ် တဲ့။
Belgorod ဒေသက Garbuzovo ဆိုတဲ့ ကျေးရွာမှာ ပျက်ကျပါတယ်။ (bbc map)
ပျက်ကျသွားတဲ့ နေရာက ဒေသခံတွေ အထိအခိုက် ရှိတယ် ဆိုတဲ့ သတင်းတွေ မကြားရသေးပါဘူး။
ဒီဖြစ်ရပ်ကို နိုင်ငံတကာက စိတ်ဝင်စားကြပါတယ်။
Google ရဲ့ သတင်းစုစည်းမှု စာမျက်နှာမှာ ဖော်ပြချက်အရ အင်္ဂလိပ်ဘာသာသုံး သတင်းဌာနပေါင်း ၂၆၁ ခုက ဒီသတင်းကို ရေးသားကြ၊ ထုတ်လွှင့်ကြပါသတဲ့။ မြန်မာပြည်သား ၂ ယောက်လည်း ဒီသေဆုံးမှုမှာ ပါဝင်တဲ့အတွက် မြန်မာသတင်းဌာနတွေ အားလုံးလိုလိုက ဒီသတင်းကို ဖော်ပြကြပါတယ်။

ို့ဒီလိုအမျိုးအစား ခရီးသည်တင် လေယာဉ် ပျက်ကျသွားတာပါ။ တန်ဖိုး ဒေါ်လာ ၂၄ သန်း ကနေ ၃၀ ကြား ရှိပါတယ် တဲ့။
လေယာဉ်ကို ဒီလကုန်ပိုင်း မြန်မာပြည်ကို ပို့ဖို့ စီစဉ်ထားတာဖြစ်တယ်လို့ http://english.ruvr.ru/2011/03/05/47000101.html မှာ ရေးထားပါတယ်။
မြန်မာပြည်က ၂ စီးယူဖို့ စာချုပ်ချုပ်ထားကြောင်း ၂၀၀၉ ခုနှစ်သတင်းတပုဒ် http://www.kyivpost.com/news/nation/detail/54252/ မှာ တွေ့ရပါတယ်။
မြန်မာပြည်က ၂ စီးယူဖို့ စာချုပ်ချုပ်ထားကြောင်း ၂၀၀၉ ခုနှစ်သတင်းတပုဒ် http://www.kyivpost.com/news/nation/detail/54252/ မှာ တွေ့ရပါတယ်။










စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment