6 March 2011

မင်းဒို့ခေါ်တဲ့ ငပွေး ..

မင်းဒို့ခေါ်တဲ့ ငပွေး .....
ငပွေးမှာ  သမိုင်းကြောင်းရှိတယ်-
ငပွေးဟာ ရာဇဝင်နဲ့နေတယ်-
ရာဇဝင်သမိုင်းကြောင်းတွေ ငပွေးမှာရှိနေတယ်....။

ဘိုးဘွားတွေ ရိုးသားတဲ့ မြေမှာတည်နေ-
လက်ခမောင်းခတ်ဖို့ မလိုကြေး-
ဆင်ဖမ်းဖို့ - တာဝန်ကျေစေ-
ဆင်စီးမှ ယောင်္ကျားတဲ့ကွ ငပွေးသမိုင်းတစ်စ....။

ဆင်ကိုကျွဲလို့မှတ်ထင် - ဒါငပွေးအမြင် -
ကျွန်းကိုအလှမဆင် ငပွေးပင်ကိုယ် ထင်ခဲ့တယ်
ဆင်စီးကျွမ်းမှ ဓါးကိုင်လှ ငပွေးဒို့ရဲ့ ဗီဇ
သူရဲကောင်းများခဲ့တယ် - ဒါငပွေးရဲ့သမိုင်းအစဖြစ်တယ်...။

သစ္စာရှိနေ ငပွေးကြိုက်လေတဲ့ -
ရိုးသားမူ့ကိုငပွေးမှာတွေ့မယ်
(ကရင်မှန်ရင် ဖင်လှန်ကြည့်ပွေးရှိတယ်တဲ့..)
သမိုင်းဖျောက်မဲ့အစ - စကားတဲ့ကွ

ဆင်စီးများတဲ့ ပေါင်ကအမှတ်
ချိုးနှိမ်တဲ့စကားနဲ့ မသုံးစေနဲ့
ဗမာ့တပ်တွေ သုံးတဲ့ ငပွေး သမိုင်းကြောင်းအစ-
ဆင်စီးများတဲ့ ပေါင်ကအမှတ်က
မင်းဒို့ခေါ်တဲ့ ငပွေးတဲ့ --- ကွ ---။

ဘိုးဘေးသူရဲကောင်းတွေ ဆင်စီးပြီးတိုက်ပွဲဝင်ခဲ့တဲ့
ပေါင်ကအမှတ်တွေက သူရဲကောင်းငပွေးနဲ့အတူရှင်သန်လျှက် ။

Ehree

0 kommentarer:

Post a Comment