ဆုံဆည်းရာ၊ ၁၄ ရက် ဖေဖော်ဝါရီလ ၂၀၁၁
နေ့လည် (၁၂ နာရီ နာရီ ၃၅ မိနစ်) နအဖ စစ်တပ်မှ ဒီကေဘီအေ၊ ကေအန်ယူ၊ ကျောင်းသားတပ်မတော် ပူးပေါင်း တပ်ဖွဲ့ဝင်တွေ မြို့တွင်းတိုက်ပွဲတွေ တိုက်ခိုက်လာမှု၊ မြို့ပြပြောက်ကြား ဆင်နွှဲလာမှုတွေအပေါ် စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။နေ့လည် (၁၂ နာရီ နာရီ ၃၀ မိနစ်) နအဖ စစ်အစိုးရ စစ်ကားတွေကို မစီးဖို့ ဒီကေဘီအေ အဖွဲ့က ပြောကြားလိုက်ပါတယ်။ စစ်အစိုးရ နောက်တန်းပြန် စစ်သားတွေဟာ စစ်အစိုးရ စစ်ကားပေါ် အရပ်ဝတ်တွေနဲ့ ပြန်တဲ့တွက် နအဖ စစ်တပ်ကားတွေကို တိုက်ခိုက်ရာမှာ အရပ်သားလူထု ထိခိုက်မှာ စိုးရိမ်အတွက် အခုလို သတိပေး ပြောကြားလိုက်တာဖြစ်တယ်လို့ ဒီကေဘီအေ ဘက်မှ ပြောပါတယ်။
နေ့လည် (၁၂ နာရီ နာရီ ၂၀ မိနစ်) ယမန်နေ့ညနေ ၄ နာရီကျော် ကော့ကရိတ်မြို့ ဂေါက်ကွင်းနေရာမှာ ဒီကေဘီအေ၊ ကေအန်ယူ၊ ကျောင်းသားတပ်မတော် ပူးပေါင်း တပ်ဖွဲ့ဝင်တွေ နအဖ စစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment