မြဝတီမြို့နယ် ဖလူးနဲ့ ဝေါ်လေ ဒေသတွေမှာ ဒီကေဘီအေနဲ့ နအဖ တပ်တို့ ရင်ဆိုင်တိုက်ပွဲထိတွေမှုတွေ နည်းပါးသွား ပေမယ့် မြဝတီနဲ့ ကော့ကရိတ် ကားလမ်းနေရာတွေ၊ ကော့ကရိတ်မြို့တွင်းနဲ့ အနီးအနားတွေမှာ ဒီကေဘီအေဘက်က စစ်ဆင်တိုက်ခိုက်မှုတွေ ပိုစိပ်လာတာ တွေ့ရှိလာရပါတယ်။
ဒီကနေ့ ညနေ ၄ နာရီးခွဲလောက်က ကော့ကရိတ် နွေ မိုး ဆောင်း ဂေါက်ကွင်းကို ဒီကေဘီအေ ဗိုလ်မှူးကျော်သက် ဦးစီး တဲ့ တပ်ဖွဲ့ဝင်တွေဟာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီဂေါက်ကွင်းဟာ နအဖ စစ်အရာရှိတွေနဲ့ စစ်အုပ်စုနဲ့ နီးစပ်တဲ့ စီး ပွားရေးသမားတွေ အပန်းဖြေတဲ့နေရတာတခု ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁၂ ည ကလည်း ဒီကေဘီအေ တပ်ဖွဲ့တွေက ကော့ကရိတ် စရဖ တပ်ဝင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါ သေးတယ်။ ဒီတိုက်ပွဲရဲ့ ထိခိုက်ဒဏ်ရာကိုတော့ မသိရှိရသေးပါဘူး။
အလားတူ ဝေါ်လေတောင်ဘက် ထီးတပယ်နေရာမှာလည်း နအဖ တပ်တွေကို ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ရာမှာ နအဖ ဘက်က ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စပြီး ဒီကေဘီအေဘက်က မြဝတီ ကော့ကရိတ် ကုန်သည်လမ်းကို အသွားအလာမလုပ် ကြဘို့ တားမြစ်လိုက်တယ်လို့ သိရှိရပါတယ်။ တားမြစ်ရတဲ့ အကြောင်းကတော့ နအဖ စစ်တပ်တွေဟာ ဒီကားလမ်းမှာ ဒီကေဘီအေရဲ့ တိုက်ခိုက်မှုကိုမခံရအောင် အရပ်သားယောင်ဆောင်ပြီး သွားလာနေကြတယ်။ ဒီကေဘီဘက်က ကားလမ်းပေါ်တိုက်ပွဲဖော်တဲ့အခါ အရပ်သားတွေကို ထိခိုက်မှာ စိုးရိမ်တဲ့အတွက် တားမြစ်ရတာဖြစ်တယ်လို့ ဒီကေဘီအေ တပ်ဖွဲ့က ဗိုလ်မှူးဆန်းအောင် က ရှင်းပြသွားပါတယ်။
http://www.naytthit.net/?p=8275

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment