ကော့ကရိတ်မြို့အဝင်က နအဖ အဖွဲ့ပေါင်းစုံထိုင်ပြီး ကားတွေကို စစ်ဆေးတဲ့ ချက်ပွိုင့်ဂိတ်ကို ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက ဇန်နဝါရီလ ၃၁ ရက်နေ့ ညက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်၊ တပြိုင်တည်းမှာပဲ နအဖ တောင်သုံးလုံးစခန်းကို တိုက်ခိုက်ခဲ့ကြပြီး နအဖ ဆက်သွယ်ရေးမိုက်ခရိုဝေ့တိုင်ကို ဖျက်ပစ်ခဲ့ကြတယ်။ ဒီကေဘီအေ ဘက်က အကျအဆုံးမရှိပဲ နအဖ ရဲ့ လက်နက်ငယ်တလက် သိမ်းပိုက်ရရှိခဲ့ပါတယ်။
ဇန်နဝါရီလ ၃၀ ရက်နေ့တုန်းကလည်း သင်္ဃန်းညီနောင်နားမှာ ဒီကေဘီအေတပ်တွေက နအဖ ကားတန်းကို တိုက်ခိုက်လိုက်တဲ့အတွက် ကားတစီးချောက်ထဲထိုးကျခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ နအဖ ၆ ဦးသေပြီး ၁၃ ဦး ဒဏ်ရာရခဲ့တယ်။ ထိခိုက်ဒဏ်ရာထဲမှာ ဗိုလ်ကြီးအဆင့်ရှိသူ တဦးပါသွားခဲ့ပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment