http://www.naytthit.net/
စစ်တပ်က အာဏာသိမ်းမယ်ဆိုတဲ့ မှန်းဆပြောဆိုချက်တွေဟာ ယုတ္တိမရှိပါဘူး။ လို့ ကြည်းတပ်စစ်ဦးစီးချုပ် ပရာယုဒ် ကျန်အိုချားက မနေ့က ပြောပါတယ်။ သူ့အနေနဲ့ အာဏာသိမ်းမယ့်အကြောင်းတစုံတရာ မတွေ့တဲ့အတွက် ဒါနဲ့ ပတ် သက်ပြီး အချိန်ကုန်ခံ စဉ်းစားနေမှာမဟုတ်ဘူးလို့ ပြောပါတယ်။ “အာဏာသိမ်းမှာနဲ့ပတ်သက်ပြီးပြောနေ၊ မေးနေတဲ့ လူတွေ အနေနဲ့ ရပ်သင့်ပါပြီ၊ ဘာလို့လဲဆိုတော့ သူတို့အနေနဲ့ဒီလောက်ဆိုးဆိုးဝါးဝါး ယုတ္တိမဲ့တဲ့ကောလာဟလတွေ မလွှင့်သင့်ပါဘူး” လို့ သူက ဆိုပါတယ်။တပ်မတော်ဟာ စည်းလုံးတယ်၊ တိုင်းပြည်အတွက်အမှုထမ်းဖို့ပဲ ဦးထိပ်ထားတယ်လို့ ပရာယုဒ်က ပြောပါတယ်။ ဘယ်စစ်ခေါင်းဆောင်ကမှ အာဏာကို ဆုပ်ကိုင်ထားဖို့ တွေးမနေပါဘူးလို့ အာဏာသိမ်းရေးအကြောင်း လုပ်ကြံ ပြောဆိုသူ တွေကို ကိုးကားပြီး သူက ပြောဆိုပါတယ်။
ပြွေထိုင်းပါတီက အာဏာသိမ်းမယ့်အကြံအစည်နဲ့ ဆက်စပ်နေတဲ့ ထိပ်တန်းဗိုလ်ချုပ်တွေရဲ့နာမည်အတိုကောက်တွေ ကို ဖြန့်ဝေနေပါတယ်။ ဒါ့ပြင် ဒီအထဲမှာ ပရာယုဒ်၊ ကာကွယ်ရေးဝန်ကြီး ပရာဝိဝေါင်ဆူဝမ်နဲ့ ကြည်းတပ် စစ်ဦးစီးအရာ ရှိချုပ် ဗိုလ်ချုပ်ကြီး ဒါဖုန်ရတ်ထနာဆူဝမ်တို့ပါနေတယ်ဆိုတဲ့ မှန်းဆပြောဆိုချက်တွေနဲ့ စစ်တပ်ကို ဆွပေးနေပါတယ်။
နိုင်ငံရေးပြဿနာတွေကို တရားဥပေဒယန္တရားတွေကပဲတဆင့် ဖြေရှင်းသင့်ပါတယ်။
အင်အားမသုံးသင့်ပါဘူးလို့ ကြည်းတပ်စစ်ဦးစီးချုပ်က ပြောပါတယ်။ “အတိတ်တုန်းက တချို့လူတွေက ပြဿနာတွေဖြေရှင်းဖို့ အထူးစစ်ရေးနည်း လမ်းတွေကို တောင်းဆိုဖူးတယ်။ ဒါပေမဲ့ နောက်ကျတော့ သူတို့က ဒီလိုဝင်ရောက်စွက်ဖက်တာဟာ ဒီမိုကရေစီမကျ ဘူးလို့ ရှုတ်ချပြောဆိုပါတယ်” သူ့အနေနဲ့အဏာကို ဆက်လက်ဆုပ်ကိုင်ထားဖို့ ဆန္ဒမရှိပါဘူးလို့ ပြောပါတယ်။
အခုလို နိုင်ငံရေးမကျေမလည်ဖြစ်နေချိန်မှာ ပိုကတောက်ကဆဖြစ်အောင် ဘယ်သူကမှ မလုပ်ချင်ဘူးဆိုတာ သူယုံ ကြည်တဲ့အကြောင်း ပြောပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေက တိုင်းပြည်နဲ့အမျိုးသားလုံခြုံရေးကို ဘေးကင်းလုံခြုံစေ ဖို့ တာဝန်ယူလုပ်ဆောင်နေတာဖြစ်တော့ ပြဋ္ဌာန်းထားတဲ့ ဥပဒေလုပ်ပိုင်ခွင့်ဘောင်ထဲကပဲ အစိုးရအမိန့်တွေကို သူတို့ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး ငြိပ်ဝပ်ပိပြားမှုထိန်းသိမ်းရာမှာ စစ်တပ်ရဲ့ပါဝင်နေရမှု အလားလာကို သွယ်ဝိုက် ဖော်ပြလိုက်ပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment