http://www.naytthit.net/
ငဝေါ်လေဂွင် မော်သုနေရာမှာ ဒီကေဘီအေဘက်မှ နအဖ တပ်မ ၂၂ လက်အောက်ခံ ခမရ ၅၈၆  တပ်ရင်းကို ဒီကနေ့ ညနေ  ၃ နာရီခွဲလောက် ဆွဲမိုင်းနဲ့  တိုက်ခိုက်ခဲ့ပါတယ်။  ထိခိုက်ဒဏ်ရာ မသိရသေးပါ။ မနေ့ညကလည်း သေ့ပေါဘိုး နဲ့ ဘရက်တို့ ကြားမှာလည်း  နအဖ ကို ဒီကေဘီအေမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။
အခုလို့ ပြောက်ကျားတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဒီကေဘီအေ ဗိုလ်ဆန်းအောင် ပြောပြတာက…
“ကျနော်တို့ ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့က စပြီး တိုက်ပွဲတွေ စဖြစ်ကတည်းက  ဝေါ်လေ မော်ခီကုန်းက နအဖ စစ်တပ်တွေကို ကျနော်တို့ဘက်က  အဆက်အသွယ်ထောက်ပံ့ရေးလမ်းကြောင်းတွေ ဖြတ်တောက်လိုက်တာဖြစ်တယ်။ အဲဒါကို နအဖ  ဘက်က ကြာအင်ဆိတ်ကြီးက တဗျူဟာ မြဝတီ ဘက်ကတဗျူဟာနဲ့ ပိတ်မိနေတဲ့  သူတို့လူတို့လူတွေကို ပြန်ဆက်ဘို့အတွက် ထိုးစစ်ဆင်လာတာဖြစ်တယ်။
  ကျနော်တို့ကလည်း သူတို့လာတဲ့ လမ်းကြောင်းကို အထပ်ထပ်ပိတ်ထားတဲ့  တိုက်ပွဲပုံစံတွေဖြစ်တယ်။ နောက်ပိုင်း ကျနော်တို့ ဘက်က ရန်သူ့  နောက်ကျောဘက်ကို ပြောက်ကျားစစ် ပိုမိုဆင်နွှဲမှာဖြစ်တယ် ”
ဝေါ်လေဒေသနဲ့ ဖလူးဒေသတွေမှာ ဇန်နဝါရီလ ၈ ရက်နေ့မှ ၃၁ ရက်ထိ ဒီကေဘီအေနဲ့  နအဖ တို့ရဲ့ တိုက်ပွဲတွေကြောင့် နအဖ ဘက်မှ ၁၈၃ ယောက်သေ ၂၃၃ ယောက် ဒဏ်ရာရ  မိုင်းထိတာက ၅၁ ယောက်ရှိခဲ့တယ်လို့ သိရှိရပါတယ်။ ခုဖြစ်နေတဲ့ တိုက်ပွဲမှာ  ပါဝင်တဲ့ နအဖ တပ်တွေကတော့ တပ်မ ၂၂ လက်အောက်ခံ (၂၀၃)၊ (၂၀၉)၊ (၂၁၀) ၊ စကခ  (၈)၊ တပ်မ ၆၆၊ စကခ (၁၈)၊စကခ (၅)၊ စတဲ့ တပ်တွေဖြစ်ပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment