လောကအလယ် ဘာရယ်မသိ
ဝိညာဉ်ခန္ဓာ တည်နေပါလည်း
လူစိတ်ကင်းမဲ့ အတ္တသားကြောင့်
အပြစ်မဲ့ ကလေးများ
ဒုက္ခပင်လယ်ဝေနေကြ၏ .... .... ။
လောကီပညာ ဘယ်ညာနားမလည်
အပြစ်မဲ့စွာ ရိုးသားဖြူစင် 
ကျေးလက်တောသွင် ဆောင်နေသော်လည်း
လူစိတ်ကင်းမဲ့ အတ္တသားကြောင့်
ကျေးတောသားတို့ ဒုက္ခပင်လယ်ဝေနေကြ၏ .... .... ။
ကြမ်းတမ်းတောတောင်
လျှိုမြှောင်ချိုင့်ဝှမ်း အန္တာယ်မကြောက်တမ်း
လျှောက်လှမ်းကျော်ဖြတ် နေစားငတ်ပြတ်
ခန္ဓာအသက်တည်မြဲဖို့တွက် မွေးရပ်ရေမြေ
မစွန့်ခွါချင်လဲ စွန့်ခွါခဲ့ကြရပါ၏ .... .... ။
ပညာနို့ရေ သောက်စို့ချိန်ဝယ်
နေစားဖို့တွက် ဝမ်းရေးခက်၍
ဘဝတွက်ရုန်းကန် ကျော်ဖြတ်လှုပ်ရှား
လျှောက်လှမ်းသူများလည်း ရှိကြပါ၏ .... .... ။
ငါ၏အမြင် ငါသ္ခင်ဟု
အတ္တတွင်းနက်သူ လူတစ်စု၏
မာန်ဂုဏ်ထကြွ သွေးစွန်းကြ၍
ဒုက္ခပင်လယ် ဝေနေကြတာ
ငရဲသားတို့၏အပြစ်ကြောင့်ပါ .... .... .... ။
Ehree 
ပေးပို့လာတဲ့အကို  Ehree  အားကျေးဇူးတင်ပါသည်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment