
 
 နေ့သစ်
 
 
 ဖေဖော်ရီလ ၂၃ ရက်နေ့ကစလို့ မြဝတီနဲ့ ပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ ကော့ကရိတ် ကုက္ကိုနေရာတွေမှာ ဒီကေဘီအေ ဘက်က ဝင်ရောက် စစ်ဆင်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေအရ စစ်တပ်လုံးခြုံရေးတွေ ထူထပ်စွာချထားခဲ့ရတယ်။ အဲဒီရက်ထဲမှာပဲ နအဖ ဘက်က ထောက်ပို့ကားတန်းတွေ မြဝတီကို ရောက်ရှိလာကာ ဖလူးနဲ့ ဝေါ်လေဘက်ကို ဆက် သွားမယ်လို့လည်း သတင်းတွေ ရရှိခဲ့ပြီး။ ဒီကနေ့မှာ ဝေါ်လေဘက်ကိုတက်မယ့် နအဖ စစ်ကားတန်းကို လုံခြုံရေးယူ ထားတဲ့ တပ်တွေကို ဒီကေဘီ နဲ့ ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေက ကနဲ့လေးနဲ့ ဘလဲ့ဒို့ ဘက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ကြားသိရပါတယ်။
   
 နအဖ တပ်မ ၂၂ လက်အောက်ခံတပ်တွေကို ဒီကနေ့ နေ့လည်ပိုင်းက ဝေါ်လေအနီးက ကနဲလေးနေရာမှာ ဒီကေဘီအေ နဲ့ ကေအန်ယူပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။ ဒီထိတွေမှုမှာ နအဖ ဘက်က ၄ ယောက် သေပြီး ၁၀ ယောက် ဒဏ်ရာရတယ် လို့ သိရပြီး၊ ဘလဲ့ဒို့ ဘက်မှာတော့ နအဖ ဘက်က ၂ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရ တယ်လို့ သိရှိရပါတယ်။
 
 ဒီကေဘီအေ တပ်မဟာ ၅ စစ်ဆင်းရေးမှူး ဗိုလ်မှူးဆန်းအောင် ပြောပြတာက …
 
 “ဟုတ်ကဲ့ ဒီနေ့နေ့လည် ကနဲ့လေမှာ ဖြစ်တယ်။ သူတို့ဘက်က ရိက္ခာနဲ့ စစ်သားတွေသယ်လာတဲ့ ကားတန်းတွေအတွက် လုံခြုံးရေးလမ်းကင်းကို တိုက်လိုက်တာဖြစ်တယ်။ သူတို့ဘက်က ၄ ယောက်သေပြီး ၁၀ ယောက် ဒဏ်ရာရတယ်။ အခု ဒီရက် ပိုင်းထဲမှ တက်လာတဲ့ နအဖ ကားတန်းတွေက ရိက္ခာတွေအပြင် ချူကလီးနေရာမှာ မြို့တည်ဖို့လိုအပ်တဲ့ ပစ္စည်း တွေပါ ပါ နိုင်တယ်။ ဒီနေ့လည်က တိုက်ပွဲဖြစ်တဲ့နေရာမှာ မိုးတွေလည်း တအားရွာနေတယ်၊ ဒီနေ့ တနေ့ထဲပဲ ဝေါ်လေ အနီးက ဘလဲဒို့ မှာလည်း ဒီကေဘီအေဘက်က ပြောက်ကျားစစ်ဆင်ခဲ့တဲ့အတွက် နအဖ ဘက်က ၂ ယောက်သေပြီး လေးယောက် ဒဏ်ရာရတယ်” လို့ ပြောပြသွားပါတယ်။
 
 နအဖ အနဲ့နဲ့ ဝေါ်လေအနီးက ချူကလီးနေရာမှာ မြဝတီမြို့နယ်ခွဲတခု တည်ဖို့အတွက်ပြင်နေတယ်ဆိုတာ ကြားသိရပြီး လုံခြုံရေအတွက် ရဲတပ်ဖွဲ့အင်အား ၁၀၀ နဲ့ မြို့နယ်အုပ်ချုပ်ရေးဝန်ထမ်း၊ အထွေးထွေရုံဝန်ထမ်းတွေ ဆောက်လုပ်ရေး ဝန်ထမ်းတွေကို တာဝန်သတ်မှတ်ပြီးဖြစ်တယ်လို့လဲ သိရှိရပြီး အရပ်သားဝန်ထမ်းတွေ အနေနဲ့ အခု မြို့တည်မယ့် နေရာ အခြေအနေကို ကြိုတင်စုံစမ်းတာတွေလုပ်နေပြီး သွားရောက်တာဝန်ထမ်းဆောင်ရမှာ အထူးစိုးရိမ်နေတယ်လို့လဲ ကြား သိရပါတယ်။ 
26 February 2011
ဝေါ်လေအနီး နအဖ ကားလမ်းလုံခြုံရေးတပ်တွေ တိုက်ခိုက်ခံရ
Etiketter: သတင်း
  Subscribe to:
				
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment