http://thawthikho.blogspot.com/
ဗမာစစ်တပ်က ငတုံးတွေကို အချိုသပ်နေပြီ။ ဗမာ့တပ်မတော်က ကရင်ရွာပေါင်း ၃၅၀၀ ကျော်မီးရှို့ ပြီး ထောင်ပေါင်းများစွာသောအိမ်တွေ ပြာကျခဲ့ပြီးသားပါ။ အခု ချီးစား BGF တွေ ကို အိမ်ဆောက်ပေးမယ်ဆိုပဲ။ အဲဒါလည်း ကရင်ပြည်သူတွေပေါ် ကုတ်သွေးစုပ်ထားတဲ့ငွေတွေ။ BGF တွေ ထွက်ပြေးဒါ များလာတော့ နအဖ ဗျူဟာပြောင်းနေပြီ။
ဒါပေမယ့် ကျနော်တို့ ဆက်သွယ် မေးမြန်းကြည့်ရာမှာ ဗိုလ်မှူး ချစ်သူအိမ် "ချစ်သူမြိုင် စံအိမ်"လို အိမ်မျိုး ဆောက်ပေးမှ BGF တစ်သက်လုံးလုပ်မယ်လို့  နယ်ခြားစောင့်တပ်ဖွဲ့ ဝင်တစ်ဦးက သောသီခို ကို ပြောပါတယ်။

(နယ်ခြားစောင့်တပ်ဖွဲ့ ဝင်တစ်ဦး လိုချင်တဲ့အိမ်ပုံစံ)

မူရင်း- ကောင်းဝါသတင်းဌာန
နော်ဂျူးနီဒါး။ ။ ဒီကေဘီအေတပ်ဖွဲ့မှ အသွင်ပြောင်းလိုက်တဲ့ BGF နယ်ခြားစောင့်တပ်ရင်းဆယ်ရင်းအတွက် အဆင့်မှီ တပ်ရင်းတွေအဖြစ် တပ်ရင်းတစ်ရင်းကို ကျပ်သိန်းထောင်ပေါင်းမြောက်များစွာအကုန်ခံပြီး မြန်မာအစိုးရမှ တပ်ရင်း အဆောက်အဦးများကို ဆောက်လုပ်ပေးနေသည်ဟု သင်္ကန်းညီနောင်ရွာသားတစ်ဦးမှ ပြောပါသည်။
အဆိုပါတပ်ထဲမှ တပ်ရင်းတစ်ရင်းကို မြ၀တီမြို့နယ် သင်္ကန်းညီနောင်ကျေးရွာတောင်ဘက်တွင် ဆောက်လုပ် ပေးပြီး နောက်ထပ်ကိုးရင်းကို သင်္ကန်းညီနောင်မြောက်ဘက်မှာ ဆောက်လုပ်ပေးနေသည်ဟု အဆိုပါဒေသ ခံမှပြောပါသည်။
အခုလောလောဆယ် ရွာမြောက်ဘက်မှာဆောက်လုပ်ပေးနေသော တပ်ရင်းအဆောက်အဦးများမှာ တိုက်ပု အခန်းတွဲဖြစ်သော်လည်း အလုံး(၈၀)လောက်ရှိကာ ကြီးကျယ်ခမ်းနားပြီး တစ်ဝက်လောက်ပြီးစီးနေကြောင်း သင်္ကန်းညီနောင် ဒေသခံတစ်ဦးက ယခုလို ပြောပါသည်။
“ဆောက်နေတုံးပဲ။ တစ်ဝက်ကျော်ကျော်လောက်ပြီးတဲ့ဟာလည်းရှိတယ်။ အဲဒီမှာရှိတဲ့တပ်ရင်းကတော့ ၁၀၁၇ ။ ၁၀၁၈ ။ ၁၀၁၉ တပ်ရင်း (၃)-(၄) ရင်းလောက်ရှိတယ်။။ ကြီးကြီးကျယ်ကျယ်ပဲ။ အရာရှိခန်း လူပျို ခန်း မိသားစုခန်း ဆေးခန်းအစအဲဒီမှာ ရှိတယ်။”
အဆိုပါဆောက်လုပ်ရေးတွင် အလုပ်သမားတစ်ထောင်ကျော်ကို နေ့စား၊ပုတ်ပြတ်ဖြင့် ဌားထားသည် ဟုဆိုပါသည်။
မြန်မာစစ်အစိုးရအနေနှင့် မည်သို့ရည်ရွယ်ချက်နှင့်ဆောက်လုပ်ပေးနေသည်ဟူသော မေးခွန်းအပေါ် ကေအန်ယူ ခေါ် ကရင်အမျိုးသားအစည်းအရုံး၏ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေမှ ယခုလိုသုံးသပ် ဖြေကြားခဲ့ပါသည်။
“နအဖအစိုးရရဲ့ အဓိကရည်ရွယ်ချက်ကတော့ဗမာပြည်မှာ တပ်မတော်ဆိုတာတစ်ခုပဲရှိရမယ်။ တပ်မ တော်တစ်ခု တည်းရှိရမယ့်နေရာတွေမှာ တိုင်းရင်းသားကနေပြေီးတော့ ဒီပစ်ရပ်အဖွဲ့ တွေကို အရင်ဦးဆုံး ပထမတစ်ဆင့်ကတော့ ၀င်လာနိုင်အောင် ၀င်လာချင်အောင်လို့ ဆက်ဆံရာ တိုင်းရင်းသားတွေထဲက နေပြီး တော့ တိုင်းရင်းမှူး လုပ်လို့ ရသေးတယ်။ နယ်ခြားစောင့်တပ်အသွင်နဲ့ ဘယ်နေရာမှ မခိုင်းတော့ဘူးဆိုပြီး မက်လုံးနဲ့ ပေးပြီးတော့ ဆောင်ရွက်ကြတယ်။ သူတို့ ရဲ့အဓိကရည်ရွယ်ချက်ကတော့ ဗမာ့တပ်မတော်ကလွဲရင် ဘယ်အခြားလက်နက်ကိုင်အဖွဲ့ မရှိရေးအတွက်က တဆင့်တအားအဖြစ်နဲ့ပြည်သူ.ကရိယာအဖြစ် ၀င် လာအောင်လို့ ဒါသူတို့ ဖန်းတီး တဲ့လုပ်ရပ်တစ်ခုပါပဲ။ လောလောဆယ် ဆက်ဆံရေးအခန်းမှာလုပ်နေရတယ်။ ဗဟိုစစ်ဆင်ရေး စစ်ကြောင်းတွေပေါ်မှာ BGF တွေက သူတို့ အချိုးအစားနဲ့ ချော့လို ရရင်ရသလောက် ခိုင်းလို့ ရရင် ရသလောက် သူတို.ပါနေတာပဲ။ နယ်စပ်တိုက်ပွဲတွေမှာရော စစ်ဆင်ရေးတိုက်ပွဲတွေမှာရော။ စခန်းသိမ်း တိုက်ပွဲတွေမှာရော သူတို့အားလုံးသုံးနေတယ်။။ လောလောဆယ်ဆယ်စစ်ရေးအခန်းတွေမှာပဲ တွင်တွင် ကျယ်ကျယ်အသုံးချခံရတာတွေ့ ရတယ်။”
စစ်အစိုးရမှတိုက်တွန်းထားသော နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကလက်မခံသည့ို ဗိုလ်မှူးချုပ် စောလား ပွယ် ဦးစီးဒီကေဘီအေတပ်ဖွဲ့မှ နိုဝင်ဘာလ(၇)ရက်နေ့တွင်အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်သည့် အနေနှင့် မြ၀တီမြို့ကို ၀င်ရောက်စီးနင်းသိမ်းပိုက်ခဲ့သည်။ ယင်းအချိန်မှစ၍ ဒီကေဘီအေနှင့် စစ်အစိုးရတို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့သည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment