ဒီမိုဝေယံ...
စစ်အစိုးရရဲ့  လျှို့ဝှက်စီမံကိန်းတွေထဲက ဖျောက်ဆိပ်ပင် ရေဒါစခန်း မြင်ကွင်းပုံတွေပါ...။  ဒီလိုလူသူမရောက်တဲ့ တောင်ကြို၊ တောင်ကြားတွေထဲမှာ ဆောက်လုပ်ထားတဲ့ အတွက်  ကုန်ကျစားရိတ် အင်မတန်များပြားသလို၊ မီးအပြတ်မခံတဲ့ အဆိုပါ စက်ရုံတွေ  အတွက်လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားတွေကို ပုံမှာ မြင်ရတဲ့အတိုင်း  တာဝါတိုင်တွေကနေ ပို့လွှတ်ပေးပါတယ်..။ လက်ရှိ စစ်အစိုးရ ပြည်သူလူထုအတွက်  ဆောက်လုပ်နေပါတယ် ဆိုတဲ့ ပြည်တွင်းက လျှပ်စစ်ဓာတ်အားပေး  စက်ရုံစီမံကိန်းတွေဟာ အမှန်တကယ် လိုအပ်တဲ့ ပြည်သူလူထု အတွက်လား ဒါမှမဟုတ်..  အဆိုပါ လျှို့ဝှက်စီမံကိန်းတွေ အတွက်လား ဆိုတာ စဉ်းစားချင့်ချိန်စရာ  ဖြစ်နေပါတယ်..။ 
လျှပ်စစ်ဓာတ်အား  ပမာဏအများအပြားကို ဒီလို ပြည်သူလူထုမသိနိုင်တဲ့ လျှို့ဝှက်စီမံကိန်း  နေရာတွေမှာ အသုံးပြုနေရပါတယ်..။  ဒီလိုလျှို့ဝှက် တည်ဆောက်ရေး တစ်ခုစီမှာ  အစိတ်အပိုင်းထုတ်တဲ့  စက်ရုံပေါင်း အနည်းဆုံး ၂၀ကျော်မှ  တစ်ချို့စီမံကိန်းတွေမှာ ဆိုရင် အများဆုံး စက်ရုံ ၉၀လောက်အထိရှိတဲ့   ကြီးမားတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်..။ ဒီလို စီမံကိန်းတွေမှာ  အသုံးပြုဖို့အတွက် ပြည်တွင်းမှာ ဖြန့်ဖြူးပေးနေတဲ့ လျှပ်စစ်ဓာတ်အား  မီဂါဝပ်များစွာ ခွဲဝေအသုံးပြု နေရပါတယ်...။  ထို့အတွက်ကြောင် မြန်မာပြည် အတိုင်းအတာ အသာထား ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာတောင် မီးအပြည့်အဝ မပေးနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်..။ 
ဆောက်လုပ်ပြီးစ စက်ရုံ အဆောက်အဦး တစ်ခုမြင်ကွင်း
 ဆောက်လုပ်ပြီးစ  ရေဒါစက်ရုံမြင်ကွင်းတစ်ချို့.. လျှို့ဝှက်စီမံကိန်းအတွင်းမှ  အဆောက်အဦးများဟာ  တောင်ကြား တွေမှာ တည်ဆောက်ထားပြီး လေယာဉ်ပေါ်မှ  ကြည့်လျှင် ရုတ်တရက် မမြင်နိုင်စေရန်.. အစိမ်းရောင်ဖြင့် သုတ်ထားပါတယ်..
ဖျောက်ဆိပ်ပင်  တောင်ကြောအတွင်းမှ စက်ရုံတစ်ရုံပုံပါ..။ မြောက်ကိုရီးယား ပညာရှင်  တော်တော်များများဟာ ဒီလို စက်ရုံဂိုဒေါင်တွေထဲမှာ အလုပ်လုပ်ရင်း  နေထိုင်ကြပါတယ်..။
 
နောက်ဆုံးရရှိတဲ့ သတင်းအရ ပြီးခဲသည့် ၂၀၁၀ နှစ်ကုန်ပိုင်းက မြင်းခြံမြို့နယ် အတွင်းရှိ ဧရာဝတီမြစ်ကမ်းပါးမှာ ရှိတဲ့ မြေနေရာများအား တပ်မတော် စက်မှုဇုံတည်ဆောက်ရေး ဟုဆိုကာ မူလပထမ စီမံကိန်းအတွက် ဧက(၁၀၀၀) သိမ်းယူတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ စက်မှုဇုံအတွက် မြေနေရာ အကျယ်အဝန်း မလောက်ငဟူသော အကြောင်းပြချက်ဖြင့် ဧက(၃၀၀၀) ခန့်အား သိမ်းယူခဲ့ကြောင်း သိရှိရပါသည်။ အင်မတန်ကြီးမားတဲ့ မြေဧရိယာ အကျယ်အဝန်းတစ်ခု ဖြစ်ပါတယ်..။ အဆိုပါ တပ်မတော် စက်မှုဇုံစီမံကိန်းအတွင်း ဆိပ်ခံ တံတားတစ်ခုလည်း ပါဝင်ကြောင်း သတင်းရရှိပါသည်။
 
ပြည်ချစ် မျိုးချစ်စစ်သည်များအား လေးစားဦးညွှတ်လျှက်..

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment