http://www.naytthit.net/
၂၀၁၀ နိုဝင်ဘာ ၇ နေ့ကစလို့ ဒီအေဘီအေနဲ့ နအဖ စစ်အုပ်စု နှစ်ဘက်အပစ်ခတ်ရပ်စဲတာတွေ ပျက်ပြားခဲ့ပြီး တိုက်ပွဲ တွေ စဖြစ်ကတည်းက ခုချိန်ထိ မြဝတီမြို့နယ်အတွင်းက ဖလူး ဝေါ်လေနဲ့ ကော့ကရိတ် ဒေသတွေအတွင်းမှာ နေ့စဉ် ရက်ဆက်တိုက်ပွဲသံတွေ ကြားနေရပြီး မြို့တွင်း မြို့ပြင် ကားလမ်းတွေက နအဖ တပ်စခန်းတွေကို ဒီကေဘီအေ တပ်ဖွဲ့ ဘက်မှ မကြာခဏ စစ်ဆင်တိုက်ခိုက်နေတာကြောင့် မြဝတီပတ်ဝန်းကျင်မှာ နအဖ ဘက်က စစ်သားအင်အား ထပ်တိုးဖြည့်ထားတာ တွေ့ရှိရပြီး ဒေသခံ ပြည်သူလူထုအနေနဲ့ အထူးစိုးရိမ်နေကြပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မြဝတီဘက်ကို စစ်ကားတန်းတွေ တက်လာပြီး။ မြဝတီမြို့က ကျောက်လုံးကြီးဘက်မှာဆို ရင်လည်း စစ်တပ်လုံခြုံရေးတွေ ထူထပ်စွာချထားတယ်လို့ သိရပါတယ်။ ကားလမ်းတလျှောက်မှာနဲ့ မြဝတီမြို့ နေရာ တိုင်းမှာ စစ်သားတွေအပြည့် နေရာယူထားတယ်လို့ မြဝတီ ဒေသခံတဦးက ခုလို ပြောပြလာပါတယ်။
“ဘာဖြစ်လာမလဲတော့ မသိဘူး ခုဆိုရင် မြို့ထဲရော မြို့ပြင်ဘက်မှာပါ စစ်တပ်တွေ မဲခံနေရောပဲ။ ကျနော်တို့တော့ ဘာ သတင်းမှ ခုထိ သေချာမကြားမိသေးဘူး။ ကိုယ့်ဟာကိုယ်ပဲ သွားသတိ လာသတိ စားသတိနဲ့ နေ နေတာပဲ။ တချို့ မိ သားစုတွေလည်း ကလေးတွေ ကျောင်းပြီးတာနဲ့ ဗမာပြည်ထဲကို ပြန်ဆင်းသွားကြတဲ့ လူတွေလည်း ရှိတယ်။ ကျနော်တို့ ကတော့ ဘယ်မှ သွားစရာမရှိဘူး ဒီလိုပဲ နေရမှာပဲလေ” လို့ ပြောပြသွားပါတယ်။
မြဝတီနဲ့ ကော့ကရိတ် ကြားက ကားလမ်းနေရာတွေမှာ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နအဖ ဘက်က ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ မကြာခဏ အတိုက်ခံရတဲ့ ဒီကားလမ်းကြားနေရာကိုလည်း နအဖ ဘက်က စစ်ရေးအရ ရှင်းလင်းသွားမယ် လို့လည်း သတင်းတွေ ကြားသိရပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment