
ဒီနေ့ ကမ္ဘာကြီးကို ကြည့်ရင်လည်း အာဏာရှင်တွေကြောင့် ကမ္ဘာလုံးဆိုင်ရာ မဟာမွန်းကြပ်မှုကြီး Great Global Frustr ation ဖြစ်လာနေတယ်။ ဒါကြောင့် ကမ္ဘာလုံးဆိုင်ရာပေါက်ကွဲမှုကြီး Great Global Explosion ဖြစ်လာမယ်။ ဒီပေါက် ကွဲမှုက လူငယ်တွေကို ပညာပေးပြီးသား စည်းရုံးပြီးသား ဖြစ်သွားလိမ့်မယ်။ ဒီကနေ ကမ္ဘာလုံးဆိုင်ရာ မဟာပြောင်းလဲမှုဖြစ်စဉ် Great Global Transfiguration ကို ဦးတည်လာလိမ့်မယ်။
နိုင်ငံအတော်များများ အစိုးရတွေကို ဆန်ကျင်လှုပ်ရှားမှုတွေ ဖြစ်လာတယ်။ ဒါဟာ ကမ္ဘာ့စီးပွားပျက်ကပ်ရဲ့ သက်ရောက် မှုတွေဖြစ်တယ်။ ဒီစီးပွားပျက်ကပ်ကြောင့် လူတန်းစားကွာဟမှုက သိပ်ကိုကြီးမားသွားတယ်။ အနည်းတကအနည်းစုကပဲ အဆင်ပြေနေတယ်။ လူတန်းစားကွာဟမှုကို နည်းပညာတွေကတဆင့် မြင်ခွင့်ရလာကြလို့ပဲ ဖြစ်တယ်။
ဒါကြောင့် ကမ္ဘာလုံးဆိုင်ရာ မဟာပေါက်ကွဲမှု ဖြစ်စဉ် Great Explosion ဖြစ်လာမယ်။ ဒါက ကမ္ဘာလုံးဆိုင်ရာမဟာပြောင်း လဲမှုဖြစ်စဉ် Great Global Transfiguration ကို ဦးတည်လာလိမ့်မယ်။

ဒေါ်စု ကြောင့် မြန်မာပြည်မှာ လူထုလှုပ်ရှားမှုတွေ ဖြစ်လာမှာမဟုတ်ဘူးလို့  နအဖ က ပြောနေတယ်။ ဒီစကားက မှန်ပါ တယ်။ ဒီနေ့ နိုင်ငံရေး ပြသနာတွေဟာ နအဖ ကြောင့် ဒီထက်ပိုပြောရရင် သန်းရွှေမိသားစု နဲ့ လက်တဆုပ်စာ စစ်ဗိုလ် ချုပ်တွေရဲ့ လောဘကြောင့်သာ လူမှုပြဿနာတွေ ဖြစ်နေတာ။ လူထုလှုပ်ရှားမှုကြီးတွေ ဖြစ်နေတာပါ။ ဒါကြောင့် သူတို့ အုပ်ချုပ်နေသမျှ မြန်မာပြည်ဟာ လူထုလှုပ်ရှားမှုကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒီပြောင်းလဲမှု မဟာဖြစ်စဉ်တရားမှာ မြန်မာပြည်ကို ချန်မထားပါဘူး။ ၁၉၃၈ ကမ္ဘာ့ စီးပွားပျက်ကပ်တုန်းကလည်း မြန်မာ ပြည်ကို ရိုက်ခတ်ခဲ့တယ်။ ၁၉၄၀ ၀န်ကျင်း ကမ္ဘာ့ကိုလိုနီလွတ်လပ်ရေး ကြိုးပန်းမှုမှာ မြန်မာပြည်ဟာ ပါဝင်ခဲ့တယ်။၁၉၈၉ ကမ္ဘာ့အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာလည်း မြန်မာပြည်က ရှေ့ဆုံးကနေ ပါဝင်ခဲ့တယ်။ ၂၀၁၀ ဒုတိယ အကြော့ အာဏာရှင်ဆန်ကျင်ရေး ဒီမိုကရေစီဆန်ကျင်ရေးလှုပ်ရှားမှုမှာမြန်မာ ပြည်ဟာအရှိန် ရနေပြီးသား ဖြစ်နေတယ်။ မြန်မာ ပြည်က အစိတ်အပိုင်းတခု ဖြစ်နေတယ်။ ဒီလှုပ်ရှားမှုက မြန်မာပြည်ကို ဂယက်ရိုက်မှာပဲ ဖြစ်တယ်။
ဒီင်္လှုပ်ရှားမှုကြီဟာ အလွန်မြန်ပြီ အလွန်ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီုးဖြစ်လာမှာ သေချာနေပါတယ်။
ဒါဟာ ဘယ်သူကြောင့်မှမဟုတ်ဘူး အာဏာရှင်တွေကြောင့်ပဲ ဖြစ်တယ်။
မိုးသီးဇွန်






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment