14 February 2011

ယာလပြည်နယ်ကားဗုံး၊ ၁၈ ယောက်ဒဏ်ရာရ


http://www.naytthit.net/?

ယာလမြို့ရဲ့စီးပွားရေးအချက်အချက်နေရာမှာ အပြင်းစား ကားဗုံးကွဲလို့ ၁၈ ယောက်ဒဏ်ရာရသွားပါတယ်။ ဗုံးကွဲပြီး မီး အကြီး အကျယ် ဆက်လောင်လို့ ဘတ် ၁၀ သန်းဖိုးလောက် ပျက်စီးသွားတယ်လို့ ခန့်မှန်းရပါတယ်။
ဗုံးကွဲတဲ့နေရာက အပျက်အစီးတွေ

မနေ့မနက်က သောင်းကျန်းသူတွေလို့သံသယရှိသူတွေရဲ့တိုက်ခိုက်မှုဖြစ်တယ်။ မြို့လည်ခေါင်က စီးပွားရေးအချက်အ ချာကျတဲ့နေရာမှာ ရပ်ထားတဲ့ထရပ်ကားထဲမှာ ပုံဖျက်ထားတဲ့ ဗုံးလေးလုံးထဲမှာ တလုံကတော့ မကွဲဘဲ ကျန်နေပါတယ်။ ဒဏ်ရာရတဲ့ ၃ယောက်မှာ စစ်သားနဲ့အရပ်သားတွေဖြစ်ပါတယ်။ သူတို့ကို ယာလဆေးရုံဆီ ပို့လိုက်ပါတယ်။ ၇ ယောက် ကတော့ မနေ့ညက ဆင်းသွားပါပြီ။ ဓါတ်ဆီသယ်တဲ့ကား၂ စီးမှာ ဗုံးတွေတပ်ဆင်ထားတာဖြစ်ပြီး မီးလောင်ဖို့လည်း ရည် ရွယ်ပုံပေါ်ပါတယ်။ သစ်သားအိမ် ၁၂ လုံးမီးထဲပါသွားပြီး၊ ဆိုင်ကယ် ၁၀ စီးနဲ့ ထရပ်ကား၂ စီးလည်း ပျက်စီးသွားပါတယ်။ မနက် ၇ နာရီခွဲလောက်မှာ နခုံလမ်းမကြီးပေါ်က ဟန်ပေါင်မုန့်ဖုတ်ဆိုင်ရှေ့မှာရပ်ထားတဲ့ အီဆူးဇူး ထရပ်ကားပေါ်မှာ ပုံ ဖျက်ထားတဲ့ ဗုံးတွေလာထားတာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။ မနက် ၉ နာရီ မီးနစ် ၅၀ လောက်မှာ ကားထဲမှာ စီး လာတဲ့စစ်သားတွေ ကားနားကိုဖြတ်အသွား ဗုံးကို ခွဲလိုက်တာ ဖြစ်ပါတယ်။

“တရားခံတွေက ယာလက စီးပွားရေးအချက်အချာနေရာတွေကို ဖျက်ဆီးဖို့ ကြိုးပမ်းတာပါ” လို့ ရဲဗိုလ်မှူးကြီးဖူးမ်ဖက် က ပြောပါတယ်။ မီးငြိမ်းသတ်ဖို့အတွက် မီးသတ်ကားတွေဟာ ၃ နာရီကျော်လောက် လုံးပမ်းခဲ့ရပါတယ်။ အာဏာပိုင် တွေက သောင်းကျန်းသူဆန့်ကျင်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လာလာတော့ ဒီတိုက်ခိုက်မှုတွေ ဖြစ်လာတာပဲလို့ အမှတ် ၄ စစ်ဒေသ တပ်မှူးကြီး ဥဒုံချိုင်းထမ္မာဆာရိုရတ်က ပြောပါတယ်။ တိုက်ခိုက်သူတွေက ဗုဒ္ဓဘာသာဝင်တွေကို ထိခိုက်ဖို့နဲ့ ဒေသခံတွေနဲ့ တရုတ်လူမျိုးတွေအကြား ခွဲဖို့လည်း ရည်ရွယ်တယ်လို့ ယာလအုပ်ချုပ်ရေးမှူး ခရိုင် ဆာဒါးဘွန်းရတ် က ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်တာတွေက ဒေသတောင်တန်းတွေပေါ်မှာရှိတဲ့ သောင်းကျန်းသူတွေရဲ့အခြေခံစခန်းတွေကို လုံခြုံရေး အာ ဏာပိုင်တွေက တိုက်ခိုက်နေတာတွေကို လက်စားချေဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ပရာဝိဝေါင် ဆူဝမ် က ပြောပါတယ်။ သောင်းကျန်းသူတွေကို ဖမ်းတိုင်းဖမ်းတိုင်း သူတို့လူတွေက လက်တုန့်ပြန်မှာပဲဖြစ်တယ်။ ဒါ ကြောင့် လုံခြုံရေးအာဏာပိုင်တွေအနေနဲ့ မိမိတို့ကိုယ်ကိုယ်နဲ့ ပြည်သူတွေကို ကာကွယ်တဲ့ စီမံချက်တွေကို တိုးမြှင့်လုပ်ရ မှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ပရာဝိက ပြောပါတယ်။

ဖေဖေါ်ဝါရီ ၁၄၊ ၂၀၁၁ (ဘန်ကောက်ပိုစ့်)

0 kommentarer:

Post a Comment