ကရင်ပြည်နယ် မြ၀တီမြို့ တောင်ဘက် မိုင်၂၀အကွာမှာ ဒီကေဘီအေရဲ့ အရေးကြီး စခန်းတခုဖြစ်တဲ့ ဘောဘောကျိုးစခန်းကို ဒီနေ့မနက်က နအဖတပ်တွေက လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ်ပြီး သိမ်းယူလိုက်ပါတယ်။
တိုက်ပွဲ ဗီဒီယိုမှတ်တမ်းခွေကို ပြန်လည်ကြည့်နေကြတဲ့ ကရင်တပ်ဖွဲ့ဝင်များ
နအဖတပ်တွေက အခုလ ၈ရက်နေ့တည်းက အဲဒီစခန်းကို စတိုက်နေတာဖြစ်ပြီး ဒီနေ့မနက်မှာ သိမ်းယူနိုင်တာ ဖြစ်ပါတယ်။ အဲဒီစစန်းနေရာဟာ မဲဆောက်မြို့မြောက်ဖက် ကီလိုမီတာ ၃၀ကျော်လောက်မှာ ရှိတဲ့ ဖုတ်ဖရမြို့နယ်၊ ချောက်ခက်ရွာရဲ့ တဖက်ကမ်းမှာ ရှိပါတယ်။
အခု ဘောဘောကျိုးစခန်းကနေ ဆုတ်ခွာသွားရတာနဲ့ ပတ်သက်လို့ ဒီကေဘီအေ ရှေ့တန်းတပ်မှူး တဦးဖြစ်တဲ့ ဗိုလ်မှူးစောစန်းအောင်က စစ်ရေးအရ နအဖကို ပိုင်ပိုင်နိုင်နိုင် တိုက်ခိုက်နိုင်အောင် သင့်တော်တဲ့နေရာမှာသာ နေရာယူလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
နအဖတပ်တွေဟာ ဘောဘောကျိုးတောင်ထိပ်ကို တက်သိမ်းလိုက်ပြီးနောက် ဒီကေဘီအေ ဆုတ်ခွာသွားတယ်လို့ ယူဆရတဲ့ နေရာတွေကို ၁၂၀မမ အဝေးပစ်မော်တာကြီးတွေနဲ့ တနေကုန်လိုက်ပစ်နေသေးတယ်လို့ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။
နအဖရဲ့ ဆက်သွယ်ရေးစက်နဲ့ သတင်းပို့တာကို ကြားဖြတ်ဖမ်းပြီး မှတ်ထားချက်တွေအရ နအဖဘက်က တပတ်အတွင်း သေဆုံးသူ ၁၁၁ဦး၊ ၁၆၃ဦး ဒဏ်ရာရတယ်လို့ သူက ပြောပါတယ်။ ဒီကေဘီအေဘက်မှာတော့ တဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လို့ အခုလို သေဆုံး၊ ဒဏ်ရာရတဲ့သတင်းကို သီးခြားအတည်ပြုလို့ မရသေးပါဘူး။
သတင်း-ဘီဘီစီ






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment