http://ehkhaungthaunt.blogspot.com/
ကေအဲန်ယူပိတ်ထားတဲ့ ဘုရားသုံးဆူနဲ့ သံဖြူဇရပ်ကားလမ်း လမ်းဖွင့်ဖို့ ကြိုးစားနေတဲ့ နအဖတပ်နဲ့ ကေအဲန်ယူကြား ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲက ချောင်းဆုံရွာနားမှာ ယနေ့မနက် ၈နာရီကနေ ၁၂နာရီအထိ တိုက်ပွဲတွေ ကြိုကြားကြိုကြား ဖြစ်ပွားပါတယ်။
စစ်ရေးလှုပ်ရှားနေတဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်များ။
ဒီတိုက်ပွဲဟာ ကေအဲန်ယူ တပ်ရင်း ၁၆နဲ့ ဒီကေဘီအေ တပ်ရင်း ၉၀၆ပူးပေါင်းထားတဲ့ တပ်ဖွဲ့က နအဖရဲ့ ခမရ ၄၀၁ရဲ့ စစ်ကြောင်း၁ကို ၀င်ရောက်တိုက်တဲ့ ပွဲဖြစ်ပါတယ်။ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်မှုရှိမရှိကိုတော့ မသိရသေးပါဘူး။
နအဖတပ်ဟာ အနန်းကွင်းဗျူဟာကနေ ဘုရားသုံးဆူကို တင်လာမယ့် ရိက္ခာယဉ်တန်းအတွက် လုံခြုံရေး ယူထားကြတာ ဖြစ်ပါတယ်။ ကေအဲန်ယူနဲ့ ဒီကေဘီအေတပ်တွေကတော့ အဲဒီယဉ်တန်းကို တိုက်ခိုက်ဖို့ လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
ရိက္ခာတင်ဖို့ဆိုပြီး နအဖတပ်တွေဟာ လွန်ခဲ့တဲ့ ဗုဒဟူးနေ့ကမှ ဘုရားသုံးဆူမြို့မှာ ကားတွေကို ချောဆွဲခဲ့တာ ဖြစ်ပါတယ်။ ကားပိုင်ရှင်တွေဟာ အခုလို တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ထွက်ပြေးကြရာ နအဖဟာ လိုအပ်တဲ့ ကားအရေအတွက် မရလိုက်ဘူးလို့လည်း သိရပါတယ်။
သတင်း-ဘီဘီစီ






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment