ဆုံဆည်းရာ၊ ၂၈ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
နံနက် (၁၀ နာရီ ၃၅ မိနစ်) ယခုတပတ်အတွင်း ဒီကေဘီအေ စခန်းတွေကို နအဖ ရဲ့ ထိုးစစ်တိုက်ပွဲတွေ အရှိန်အဟုန်မြင့်လာတာ တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်နေ့ကနေစပြီး အပြင်းအထန် ထိုးစစ်ဆင်မှုတွေပြုလုပ်နေတဲ့ ယနေ့ ၂၈ ရက်နေ့အထိ နအဖ ဘက်က အရာရှိအရာခံ အကြပ်စစ်သည် ၁၂၀ ကျော်သေဆုံးပြီး ၂၀၀ နီးပါး ဒဏ်ရာရမှုတွေ ရှိပါတယ်။ နအဖ ဘက် ထိခိုက်ဒဏ်ရာ သေဆုံးမှုတွေ များပြားလာတဲ့အတွက်ကြောင့် နယ်စပ်တိုက်ပွဲတွေအသုံးချဖို့ ဖွဲ့စည်းထားတဲ့ သူတို့လက်ကိုင်ဒုတ်ဖြစ်တဲ့ နယ်ခြားစောင့်တပ်အပေါ်လည်း ယုံကြည်မှု ကင်းမဲ့လာတာတွေ့ရပါတယ်။ ဒါ့အပြင် နအဖ တပ်သားတွေနဲ့ နယ်ခြားစောင့်တပ်တွေ စစ်ပြေးတွေ ယခင်တိုက်ပွဲကာလတွေထက် ပိုမိုများပြားလာပါတယ်။
နံနက် (၉ နာရီ ၅၅ မိနစ်) ယမန်နေ့မနက်ပိုင်းတွင် လှိုင်းဘွဲမြို့နယ်၊ ကမားထာ့နှင့် ကျော်သလေးခို့အကြား၌ ကေအဲန်ယူ တပ်ရင်း(၂၁)နှင့် နအဖ ခမရ(၃၄၃)တို့ ၁၀ မိနစ်ကြာ ချုံခိုတိုက်ပွဲဖြစ်ပွားရာ ကေအဲန်ယူဘက်မှ ထိခိုက်မှုမရှိသော်လည်း နအဖဘက်မှ ၄ဦး ကျဆုံးကာ ၃ဦးဒဏ်ရာ ရရှိကြောင်း သိရှိရသည်။ (ကိုးကား - ကေအိုင်စီ)
နံနက် (၉ နာရီ ၅၀ မိနစ်) ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် ချောင်းဆုံနားမှာလည်း ယမန်နေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ နအဖတပ် ခမရ (၄၀၁) နဲ့ ကေအဲန်ယူ တပ်ရင်း ၁၆ နဲ့ ဒီကေဘီအေ တပ်ရင်း ၉၀၆ ခွဲက ချောင်းဆုံရွာနားမှာ ယနေ့မနက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
နံနက် (၉ နာရီ ၄၀ မိနစ်) KNLA တပ်မဟာ(၇)လက်အောက်ခံ တပ်ရင်း(၂၁)၊ (၂၂)နှင့် အထူးပြောက်ကျားအဖွဲ့ဝင်များ ပါဝင်သည့် အင်အား ၇၀ခန့်ရှိ အဖွဲ့သည် ဇန်န၀ါရီလ ၂၁ရက်နေ့က နယ်ခြားစောင့်တပ် (၁၀၁၅)တပ်ရင်း၏ ဟောသူးခီးစခန်းကို တက်ရောက်သိမ်းဆည်းခဲ့ရာ လက်နက် ၁၂လက် ရရှိပြီး ၎င်း နယ်ခြားစောင့်တပ် တပ်ရင်းမှ ဗိုလ်ချာလယ်၊ ဒုဗိုလ်ရော့ကက်၊ တပ်ကြပ်ကြီးတစ်ဦး အပါအ၀င် ၈ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment