ဥပဒေဘောင်အတွင်းကနေ ကိုယ့်ရပိုင်ခွင့်လေး တခုဖြစ်တဲ့ လွတ်လပ်တဲ့ ကရင်ပြည် ရရှိဖို့ ငြိမ်းချမ်းစွာ တောင်းဆိုမှုလေးတခုကို လေးနက်စွာ စဉ်းစားမှု မပေးကြပဲ လိုချင်ရင် တိုက်ယူဆိုတဲ့ မဟာဝါဒီတွေရဲ့ စိန်ခေါ်တဲ့ စကားတွေကြောင့်သာ မလွဲမရှောင်သာပဲ ကရင့်တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့ရတာ ယနေ့ဆိုလျှင် ၆၂နှစ် ပြည့်မြောက်လို့ လာပါပြီး၊ ၆၂နှစ်တိုင် ပြည့်မြောက်လာခဲ့သော်လည်း တမျိုးသားလုံး လိုလားတောင့်တနေတဲ့ ပန်းတိုင်ကို မရောက်သေးပါဘူး။ ထိုပန်းတိုင်ကြီးရရှိဖို့က ကရင်တမျိုးသားလုံးမှာ တာဝန်ရှိသလို နောင်တချိန် အမျိုးသားရေး ပုခုံးပြောင်း တာဝန်ထမ်းဆောင်ကြမယ့် လူငယ်တွေမှာလည်း ပိုတာဝန် ရှိပါတယ်။ ယနေ့လူငယ် နောင်ခါ လူကြီးဆိုသလို အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုမှာ လူငယ်တွေ ပါဝင်မှု ပိုအရေးကြီးတာကို မီးမောင်းထိုးပြထားတဲ့ သီချင်းလေးတပုဒ်ကို ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ တင်ပြလိုက်ပါရစေ။ ဒီသီချင်းကို သွားလေသူ ကရင့်ခေါင်းဆောင်တဦးဖြစ်တဲ့ ဖူးစကောလယ်တောမှ ရေးစပ်ထားပြီး ကရင့်တော်လှန်ရေး ရဲဘော်၊ ရဲမေတွေ စုပေါင်းသီဆိုထားတာဖြစ်ပါတယ်။
http://ehkhaungthaunt.blogspot.com/
31 January 2011
ကရင့်တော်လှန်ရေးနေ့ ဂုဏ်ပြုတေးသီချင်းများ
Etiketter: ကရင့်တော်လှန်ရေးနေ့ ဂုဏ်ပြုတေးသီချင်းများ
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


1 kommentarer:
အစဉ်အမြဲတင်ဆက်ပေးနိုင်ပါစေ.....
Post a Comment