ငါရောက်နေတဲ့ ဒီအရပ်
အကန့်အသတ် မဲ့တယ်မဟုတ်
ငါလိုချင်တောင့်တ နေခဲ့တာ
တရားမျှတတဲ့ ငြိမ်းချမ်းရေးပါ .. .. .. ..
ငါခိုနေတဲ့ ဒီတော
ငါကိုင်နေတဲ့ ဒီသေနတ်
ဒီကာလ အတွေ့အကြုံ ဖြစ်မျိုးစုံ
ငါမှတ်တမ်းမရှိခဲ့ပေမယ့်
ငါလျှောက်လှမ်းနေတဲ့ တော်လှန်ရေးဘဝ
ငါသိခဲ့ရပြီး .. .. .. ..
ငါရောက်နေတဲ့ ဒီတော ဒီတောင်
ဒီလျှိုချိုင့်ဝှမ်းမှာ ငါတို့သွေးချင်း ဒို့တိုင်းရင်းတွေ
ဟိုတစ်ယောက် ဒီတစ်ယောက်
ဟိုတစ်ပွင့် ဒီတစ်ပွင့်နဲ့ အသက်ပေါင်းများစွာ
ကြွေလွင့်ခဲ့ပြီး .. .. .. ..
ဒီမြေတောတောင်မှာပဲ
ငါတို့တိုင်းရင်းခေါင်းဆောင်တွေ ငြိမ်းချမ်းခြင်းရဖို့
တိုက်ပွဲဝင် အသက်ပေးစတေး ခဲ့ကြပေါ့
ငါတို့လူမျိုးတွေရဲ့ ဝိညာဉ်လှလှလေးတွေက
ငါ့ကိုတောင်းဆိုနေတယ် သူတို့တွေလိုချင်ခဲ့တာ
တရားမျှတတဲ့ လွတ်လပ်မှုတဲ့ .. .. .. ..
နန်းယမင်းဝေ






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment