31 January 2011

30-01-2011 တိုက်ပွဲမှ နအဖအယောက်(၅၀) သေကြေ ဒဏ်ရာရခဲ့

http://ninedeblood.blogspot.com/



နိုဝင်ဘာ(၇)ရက်၊ ရွေးကောက်ပွဲမဲမသမာမှုကို ပြည်သူဘက်ကရပ်တည်ပြီး
ပြန်လည်တော်လှန်ခဲ့တဲ့ ဒီကေဘီအေဗိုလ်မှူးချုပ်စောလားပွယ်တို့အဖွဲ့ကို
(၄)ရက်နဲ့အပြတ်တိုက်မယ်ဆိုပြီးတော့ အလုံးအရင်းနဲ့ချီတက်လာကြတဲ့
နအဖတပ်ဖွဲ့ဟာ (၄)ရက်သာကျော်လွန်ပြီး အသေအပျောက်များစွာနဲ့ပဲ
ရင်ဆိုင်နေရပါတယ်။

တိုက်ပွဲကာလအတွင်း KNU နဲ့ ဒီကေဘီအေကြား အထင်မြင်လွဲမှားမှုရှိအောင်
နအဖသတင်းမီဒီယာဘက်မှ လုပ်ကြံဖန်တီးရေးသားခဲ့သော်လည်း အရေးကြီးလို့
သွေးနီးနေကြတဲ့ ကရင်အမျိုးသားများကြားမှာ ရေပေါ်မှာ အရုပ်ရေးဆွဲသလို
ဘာမှ အဖတ်မတင်ခဲ့ပါဘူး။

ဒီကေဘီအေတပ်ဖွဲ့၏ မှန်ကန်သောလမ်းစဉ်ကြောင့် တခြားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ လူထုထောက်ခံအားရရှိမှု၊ နယ်မြေကျွမ်းကျင်မှုနှင့် အသုံးပြုခဲ့သော ပြောက်ကျားစံနစ်ထိရောက်မှု
တို့ကြောင့် နအဖဘက်မှ အထိနာခဲ့ရခြင်းဖြစ်ကြောင်း သတင်းရပ်ကွက်များကသုံးသပ်ကြပါတယ်။



ယမန်နေ့ ၃၀-၀၁-၂၀၁၁ ရက်နေ့တွင် ဝေါ်လေ၊ ချောင့်ခက်နဲ့ သင်္ဃန်းညီနောင်တိုက်ပွဲမှာ
နအဖဘက်မှ သေဆုံးသူနဲ့ ဒဏ်ရာရသူပေါင်း အယောက်(၅၀)အထိရှိကြောင်း တိုက်ပွဲမှပါဝင်သူ
ဒီကေဘီအေ တပ်မဟာ(၅)မှ ဗိုလ်ဆန်းအောင်က ပြောပါတယ်။

ချောင့်ခက်ကို အသေခံထိုးစစ်ဆင်လာတဲ့နအဖတပ်ဖွဲ့တွေကတော့ စကခ(၁၂)လက်အောက်ခံ
ခမရ (၅၄၆)၊ ခမရ (၅၄၈)၊ ခမရ(၅၄၉) နဲ့ စကခ(၉)မှ ခမရ(၃၅၆)(၃၅၇) တပ်တွေ ဖြစ်ကြောင်း
သိရပါတယ်။

ဝေါ်လေ အိုကရေ့ထ ဘက်ကိုကျတော့ ခမရ(၄၀၁)၊ ခမရ(၄၀၃)၊ ခမရ(၅၈၆)နဲ့ခမရ(၂၉၉)
တပ်တွေပဲဖြစ်ပါတယ်။


နအဖတပ်တွေဟာ မနက်(၇)နာရီလောက်မှာ ထုံးစံအတိုင်း လက်နက်ကြီးတွေနဲ့ (၃)နာရီကြာ
ဒီကေဘီအေရှိရာကို ရမ်းသမ်းမှန်းသမ်းပစ်ခတ်ပြီး ၁၀နာရီခွဲလောက်မှာ ဒီကေဘီအေအသင့်
စောင့်ကြိုနေတဲ့ တောင်ကုန်းတွေကို ထိုးစစ်ဆင်လာပါတယ်။ တိုက်ပွဲဟာ သူတပြန် ကိုယ်တပြန် အရှိန်မြင့်လာပြီး ညနေ (၃)နာရီလောက်မှ ရပ်စဲသွားပါတယ်။
နအဖတပ်တွေက သေဆုံးသူရော ဒဏ်ရာရသူပါ အားလုံးပေါင်း(၅၀)လောက်ရှိပြီး
ဖလူးဘက်ကိုဆုတ်ခွာသွားကြပါတယ်။

အခု တိုက်နေတဲ့နေရာကို ၂၉ ရက်နေ့မှာလည်း (၁၀)ယောက်အထိ အသေခံပြီး နအဖတပ်တွေလာရောက်တိုက်ခိုက်ကြောင်း၊ အခြေအနေမဟန်မှ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့
ဒီကေဘီအေဘက်က ပြောပါတယ်။
အဲဒီမနေ့ည (၈)နာရီခွဲလောက်မှာပဲ ဝေါ်လေ အိုကရေးထနားမှာရှိတဲ့ နအဖဗျူဟာကုန်းကို
ဒီကေဘီအေဘက်မှ ၀င်ရောက်တိုက်ခိုက်ရာမှာ ဗိုလ်မှူးအဆင့်အပါအ၀င် (၆)ယောက် ဒဏ်ရာ
ရရှိပြီး ဒဏ်ရာရသူတွေကို မြ၀တီဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

၃၀-၀၁-၂၀၁၁ နေ့မှာပဲ မနက်(၈)နာရီ၁၅မိနစ်လောက်မှာ ဒီကေဘီအေ ဗိုလ်မှူးကျော်ပရိုနှင့်
အဖွဲ့က သင်္ဃန်းညီနောင်နားမှာ တက်လာတဲ့နအဖကားတန်းကို စောင့်ကြိုတိုက်ခိုက်ရာ
ကားတစ်စီးက ချောက်ထဲကို ထိုးကြပြီး နောက်တစ်စီးက လမ်းဘေးမှာပဲထိုးရပ်သွားကြောင်း
ဗိုလ်ကြီးအဆင့်တယောက်အပါအ၀င် ၆ ယောက်သေ၊ (၁၃)ဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း
သတင်းရရှိပါတယ်။

0 kommentarer:

Post a Comment