http://ehkhaungthaunt.blogspot.com/
 ကရင့်  အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၄နှင့် နအဖ ခမရ ၅၅၈တို့  လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၂၁ရက်နေ့မှာ တိုက်ပွဲ ဖြစ်ပွားရာ နအဖ ဘက်မှ ၃ယောက်  သေဆုံးပြီး ၄ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မဟာ ၄ရဲ့ သတင်း ထုတ်ပြန်ချက်အရ  သိရပါတယ်။
တိုက်ပွဲ ဖြစ်ပွားရာ နေရာကတော့ ဘိတ် ထားဝယ်  ခရိုင်အတွင်းမှာ ရှိတဲ့ ထိုမားဖလို တောင်ကုန်းနဲ့ ဘိုရာခါဟေး တောင်ကုန်း  ကြားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲဟာ  မနက် ၈နာရီ ၄၀မိနစ်မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  KNLAဘက်မှ ထိခိုက်ဒဏ်ရာရရှိတာ မရှိကြောင်း သိရှိရပါတယ်။ (ကိုးကား-ကွယ်ကလူ)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment