ကရင်ဘာသာနဲ့ စောသံမဏိ ပြောဆိုသွားတာကတော့ "နယ်ခြား စောင့်တပ်အတွက် ရွာတွေမှာ စစ်သား လိုက်လံ စုဆောင်းနေကြောင်း၊ တရွာလျှင် ၁၀ယောက်၊ ၁၅ယောက်၊အထိ မသွားမနေရ လိုက်လံ စုဆောင်းနေကြောင်း၊ ဒီကေဘီအေ ကနေ နယ်ခြားစောင့်တပ် ပြောင်းပြီး ကရင်ချင်း ပြန်တိုက်ရမှာကို မလိုလားကြောင်း၊ သူ့တပ်ရင်းမှူး မြခိုင်ဆိုသူဟာလည်း နယ်ခြားစောင့်တပ်ကို ပြောင်းသွားပြီး ဖြစ်ကြောင်း၊ ယူအဲန်ရှေ့ တကိုယ်တော် ဆန္ဖပြရခြင်းဟာ ယူအဲန်အနေနဲ့ မြန်မာပြည် အရေးကို ၀င်ရောက် ကူညီပေးရန် တောင်းဆို ဆန္ဖပြရခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအတွက် မဲထည့်ဖို့ လုပ်ခဲ့တာတွေဟာ 
လမ်းကြောင်းမမှန်ပဲ စစ်အာဏာရှင် တည်တံ့ခိုင်မြဲရေး အတွက်သာ ဖြစ်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ အတုအယောင်သာ ရရှိမှာ ဖြစ်ကြောင်း၊ အဲဒီရွေးကောက်ပွဲကနေ ပြည်တွင်းစစ် ဖြစ်ပွားလာနိုင်ကြောင်း၊ ပြည်တွင်းစစ်ကို မတိုက်ချင်ကြောင်း၊ ကရင်အချင်းချင်း တိုက်ရမှာကိုလည်း မလိုလားကြောင်း၊ သူတို့စစ်သား ဖြစ်သွားရင် သူတို့ခိုင်းတာကို လုပ်ရမှာ ဖြစ်တဲ့အတွက် မလုပ်ချင်ကြောင်း၊ မြန်မာပြည် အရေးကို ယူအဲန်အထိ တင်ပြပေးဖို့ တောင်းဆိုချင်ကြောင်း၊ ယနေ့မှာလည်း ရွာတွေမှာ ပြည်သူ့စစ် လိုက်လံ ကောက်ခံနေကြောင်း၊ မသွားနိုင်ရင် တယောက်ကို တရက်စာ ၃၀၀၀ပေးပြီး ရွာအနေနဲ့ ငှားပေးနေရကြောင်း၊ တရွာမှာ အယောက် ၃၀၊ ၄၀အထိ ၂လခရီးကြာ သွားရမှာဖြစ်သော်လည်း မသွားနိုင်၊ မသွားရဲကြသဖြင့် ရွာကနေ ပိုက်ဆံပေးပြီး သွားရဲသူတွေကို တဆင့်ခံ ငွေပေးငှားရကြောင်း၊ ပြည်သူ့စစ်ကို မလုပ်ချင်လည်း အတင်းလုပ်ခိုင်းနေကြောင်း၊ ကရင်အချင်းချင်း အပြန်အလှန် ပစ်ကြခတ်ကြတာကို မလိုးလားကြောင်း စောသံမဏိက ပြောဆိုသွားတာပါ"။
ဒီကေဘီအေ ၉၉၉တပ်မဟာမှ အဖွဲ့ဝင်တဦးဖြစ်ခဲ့သူ စောသံမဏိဟာ လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၄ရက်နေ့က လက်ပစ်ဗုံးကို စနက်တံဖြုတ်ပြီး အချက်လေးချက်နဲ့ မဲဆောက်မြို့ ယူအဲန်ရုံးရှေ့မှာ တကိုယ်တော် ဆန္ဖပြခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်း ထိုင်းအာဏာပိုင်တွေထံ လက်နက်ချလိုက်ပြီး ယခုအခါ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။(အဲခေါင်သောင့်)
Posted by sawdahbo2749@gmail,com at 7:18 PM 






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment