“လူတစ်စု ကောင်းစားဖို့အတွက် ယတြာချေပြီး စီရင်ပြင် ဆင်ထားတဲ့ ဒီအလံသစ်အကြောင်းကို ကျနော်တို့ ကျောင်းမှာ လုံးဝကို မသင်ချင်ကြဘူးလေ” လှိုင်သာယာ မြို့ မူလတန်း ကျောင်းအုပ်ဖြစ်သူ ဆရာကြီး ဦးတင်ဝင်း
က မောက္ခသို့ ပြောကြားခဲ့ပါသည်။

၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် တတိယတန်း  (grade 3) မြန်မာစာ ဖတ်စာတွင် အလံသစ်ကို ပြောင်းလဲထည့်သွင်း သင်ကြားသွားရန်  ပညာရေး ၀န်ကြီးဌာန၏ ညွှန်ကြားမိန့်အပေါ်တွင် ယခုကဲ့သို့  တုန့်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
၂၀၀၈ ခုနှစ် နအဖ၏ တစ်ဖက်သက် ရေးဆွဲထားသည့်  ဖွဲ့စည်းပုံအရ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင်  စတင်ပြောင်းလဲခဲ့သည့် အလံသစ်အကြောင်းကို ကျောင်းများတွင် သင်ကြားရန်အတွက်  အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဘိုဝင်းက အမိန့်ပေးခဲ့သည်။
သို့ရာတွင် ကျောင်းဆရာဆရာမများအနေဖြင့်  ဤသင်ခန်းစာအသစ်ကို သင်ကြားရန် ဆန္ဒမရှိကြောင်းနှင့် အလံသစ်၏ မပြည့်စုံသေးသော  အဓိပ္ပါယ်များအကြောင်းကို ကန့်ကွက်ပြောဆိုလျက်ရှိကြသည်။
“တကယ်တမ်းမှာတော့ သင်ရိုးညွှန်းတမ်းကို  ဒီမိုကရေစီနည်းလမ်းတကျသာ ပြင်ဆင်ရေးဆွဲခွင့်ရှိတာပါ။ ဖွဲ့စည်းပုံကလည်း  တဖက်သက်ရေးဆွဲထားတာကို ကျောင်းဆရာဆရာမများက နားလည်ထားကြတယ်။  အများပြည်သူလူထုရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး လုပ်ထားတဲ့ဟာကို  မျိုးဆက်သစ်တွေအတွက် ဘယ်လိုလုပ်ပြီး လေ့ကျင့်ပေးနိုင်မလဲ။” မူလတန်း  ဆရာမတစ်ဦးဖြစ်သူ၊ ဇီးကုန်းမြို့ အမကမှ ဒေါ်မင်းမင်းအေးက သူမတို့ အနေဖြင့်  လက်မခံနိုင်ကြောင်းကို ရင်ဖွင့်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ်ဆရာကြီးမှ ယခုကဲ့သို့ ဆက်လက်ပြောပြခဲ့သည်။
“အားလုံးပဲ စိတ်ဆင်းရဲနေကြတယ်ဗျာ။  အများပြည်သူရဲ့ ဆန္ဒမပါတဲ့ လုပ်ရပ်အမှားကြီးကို ကျောင်းပညာရေးထဲ  အမိန့်ပေးစေခိုင်းပြီး ဆွဲသွင်းနေတာလေ။ မြန်မာကျောင်းဆရာမှန်ရင် ဒါကို  ဆန့်ကျင်ကြမှာပါပဲ။”
မောက္ခ ပြည်တွင်းပညာရေးသတင်း






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment