12 December 2010

နေပြည်တော်ရဲ့ ရှေ့နေ မစ္စတာ ထိုင်းဝန်ကြီးချုပ် ဒီနေ့ ရက်စွဲနဲ့ ဘန်ကောက်ပို့စ် သတင်းတပုဒ်က စိတ်ဝင်စား

နေပြည်တော်ရဲ့ ရှေ့နေ မစ္စတာ ထိုင်းဝန်ကြီးချုပ် ဒီနေ့ ရက်စွဲနဲ့ ဘန်ကောက်ပို့စ် သတင်းတပုဒ်က စိတ်ဝင်စားစရာကောင်း၊ ရာသီစာလည်း ဖြစ်နေတော့ ရှယ်ပေးလိုက်ပါတယ်။ မြန်မာပြည်မှာ နျူကလီးယားမရှိဘူးလို့ အဖိဆစ် ပြောဆို ဒီဇင်ဘာ ၁၂ ရက်နေ့ ပေါက်ထွက်လာတဲ့ အမေရိကန် ကြေးနန်းစာမှာ ဖော်ပြထားသလို မြောက်ကိုရီးယားအကူအညီနဲ့ မြန်မာပြည်မှာ နျူကလီးယား စီမံကိန်း အကောင်အထည် ဖော်နေတယ် ဆိုတဲ့ အချက်ကို ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက လက်မခံပါဘူး တဲ့။ မစ္စတာ အဖိဆစ်က မနေ့တုန်းက သို့ကလို ပြောလိုက်တာပါ၊ မြန်မာဟာ နျူလက်နက် ပိုင်ရှင်ဖြစ်နေပြီ သို့တည်းမဟုတ် ထုတ်လုပ်နေပြီလို့ စွပ်စွဲနေတာတွေက ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိပါဘူး တဲ့။ အာဆီယံမှာ ဘယ်တိုင်းပြည်ကမှ နျူလက်နက်ထုတ်ဖို့ ရည်ရွယ်ချက်မရှိပါ လို့ ဆိုပါတယ်။

"အာဆီယံကို နျူကလီးယား ကင်းမဲ့ဇုန် အဖြစ် မြန်မာပြည်က တွေ့ချင်ပါတယ် တဲ့၊ အာဆီယံ-အမေရိကန် ဆွေးနွေးပွဲတုန်းက မြန်မာနိုင်ငံက အဲဒီလို ပြောတာကို ကျုပ် မှတ်မိသေးတယ်" လို့ မစ္စတာ အဖိဆစ်က ဆိုပါတယ်။ အိမ်နီးချင်းတိုင်းပြည်တွေရဲ့ လှုပ်ရှားမှုတွေကို ထိုင်းက ထိုင်းနိုင်ငံလုံခြုံရေးအတွက် စောင့်ကြည့်ခဲ့တယ်လို့ သူက ပြောပြပါတယ်။

  • Burma not nuclear, says Abhisit * Published: 12/12/2010 at 12:00 AM
  • Prime Minister Abhisit Vejjajiva has dismissed claims in a leaked US cable that Burma is building a nuclear programme with help from North Korea. Mr Abhisit said yesterday there was no evidence to support the accusation that Burma possesses or is producing a nuclear weapon. He said none of the Association of Southeast Asian Nations members has any intention to possess nuclear weapons. "I can remember that Burma confirmed in an Asean-US summit that it wanted to see Asean as a nuclear-free region," Mr Abhisit said. Still, he said Thailand had been monitoring movements in neighbouring countries for the sake of national security. - - - -
  • (ဧရာဝတီ ဘလော.မှ ကူးယူဖေါ်ပြပါသည်)

0 kommentarer:

Post a Comment