မြန်မာသင်္ဘောသား ၂၃ ဦး လိုက်ပါပြီး အမေရိကန် ကုမ္ပဏီတခုက ပြေးဆွဲနေတဲ့ လိုက်ဘေးရီးယား အလံတင် ကုန်တင်သင်္ဘော MV Panama ကို ဆိုမာလီ ပင်လယ်ဓားပြတွေ ဖမ်းဆီးသွားကြောင်း ဥရောပ သမဂ္ဂ ရေတပ်က မနေ့က သတင်းထုတ်ပြန်ပါတယ်။
ဒီသင်္ဘောဟာ တန်ဇန်းနီးယား နိုင်ငံကနေ မိုဇမ်ဘစ်နိုင်ငံ ဘိုင်ရာမြို့ဆိပ်ကမ်းကို အသွား လမ်းမှာ စက်လှေငယ် ၂ စီးပေါ်က လက်နက်ကိုင် ပင်လယ်ဓားပြ ၅ ဦးက ပခုံးထမ်းဒုံးကျည်နဲ့ ပစ်ခတ်ပြီး ၀င်ရောက် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ဆိုမာလီနိုင်ငံ ရေပြင်ကို ကျော်ပြီး တောင်ပိုင်းကျကျအထိ ပင်လယ်ဓားပြတွေ ၀င်ရောက် စီးနင်းလာတာကို ကြည့်ရင် ပင်လယ်ဓားပြတွေ ကျက်စားတဲ့ နယ်မြေ တဖြည်းဖြည်း ချဲ့ထွင်လာနေတာကို သိနိုင်ပါတယ်လို့ အီးယူရေတပ်က ပြောပါတယ်။
ဆိုမာလီ ပင်လယ်ဓားပြတွေဟာ အိန္ဒိယ သမုဒ္ဒရာနဲ့ ဆိုမာလီကမ်းလွန် အီဒင်ပင်လယ်ကွေ့ တလျှောက်မှာ ကျက်စားနေပြီး ဒီနယ်မြေတ၀ိုက်မှာ နိုင်ငံတကာ ရေတပ်တွေ စောင့်ကြပ်နေကြပါတယ်။
Copyright © 1998-2010 Radio Free Asia. All rights reserved.






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment