RFA
ကရင်ပြည်နယ် ဝေါလေဒေသမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒီကေဘီအေ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်ဖက်ကို ဒီဇင်ဘာ ၈ ရက် မနေ့က ကျောင်းသားတပ်မတော် (ABSDF) တပ်ဖွဲ့ဝင်တွေ ပူးပေါင်း အင်အားဖြည့်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ တပ်ဖွဲ့တခုကို တောတွင်းတနေရာတွင် တွေ့ရသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Courtesy of MoeMaka)
စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ဖို့နဲ့ တိုင်းရင်းသား တန်းတူအခွင့်အရေး ရဖို့ ဒီကေဘီအေရဲ့ ခုခံစစ်ကို ထောက်ခံတဲ့အနေနဲ့ ပူးပေါင်းတာ ဖြစ်တယ်လို့ ABSDF ဥက္ကဋ္ဌ ကိုသံခဲက ပြောပါတယ်။
“ဗိုလ်မှူးချုပ် စောလားပွယ်တို့ နအဖအပေါ်မှာ တန်ပြန် တော်လှန်တိုက်ပွဲဆင်တာဟာ အခုဆိုရင် တလပြည့်ပြီ။ ဒီတလပြည့်တဲ့ အချိန်ကာလမှာ ကျွန်တော်တို့ ကျောင်းသားတပ်မတော် အနေနဲ့ ဗိုလ်မှူးချုပ် စောလားပွယ်နဲ့ ကျွန်တော်တို့ တိုက်ရိုက် ညှိနှိုင်းမှုတွေ လုပ်ရတယ်။ နောက်တခုကတော့ KNLA ကရင်အမျိုးသား အစည်းအရုံး အဖွဲ့အစည်းက တာဝန်ရှိတဲ့ လူတွေနဲ့ ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်ရတယ်။ နားလည်မှုတွေ ယူပြီးမှ ပူးပေါင်း ဆောင်ရွက်မှုတွေကို လုပ်ဆောင်နေတယ်ဆိုတာ တင်ပြလိုပါတယ်။”
ပြီးခဲ့တဲ့လက ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ကို ဒီကေဘီအေတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နအဖနဲ့ ဒီကေဘီအေတပ်တွေ နေ့စဉ်တိုက်ပွဲတွေ ဖြစ်လာတာ တလနီးပါး ရှိပါပြီ။
ရွေးကောက်ပွဲအပြီးကာလ ငြိမ်းချမ်းရေးယူထားတဲ့ ဒီကေဘီအေကို နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းဖို့ စစ်အစိုးရက ဖိအားပေးရာကနေ အခုလို နယ်စပ်တလျှောက် တိုက်ပွဲတွေ အရှိန်မြင့်လာတာ ဖြစ်ပါတယ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment