သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ ငွေထုပ်လုယူ ထွက်ပြေးသွားသော ရဲသားဇနီးအား ရဲစခန်းမှ အရေးယူ ဆောင်ရွက် ခြင်းမရှိသည့်အပြင် ယူသွားသောငွေလည်း ပိုင်ရှင်ထံပြန်လည် ပေးအပ်ခြင်းမရှိကြောင်း စုံစမ်းသိရှိရ ပါသည်။
“ရဲစခန်းမှာ အမှုဖွင့်ထားပေမဲ့ ဒီနေ့ထိ အရေးယူဆောင်ရွက်ပေးတာလဲမရှိဘူး။ ပြစ်ဒဏ်မပေးရင်လဲ ငွေပြန်ရရင် တော် သေးတယ်။ အခုကငွေလဲပြန်မရဘူး။ တရုတ်ငွေနှစ်သောင်းတောင်မှ” ဟု ငွေပိုင်ရှင်အသိုင်းအ၀ိုင်းတစ်ဦးက ပြောပါ သည်။
ဒီဇင်ဘာ ၈ ရက် ညနေ ၅း၃၀ နာရီ နမ့်ခမ်းမြို့ ကောင်းနောင်မိုရပ် ယာဉ်ထိန်းရဲစခန်းမျက်နှာချင်းဆိုင်ရှိ တရုတ်ယွမ်ငွေ နှင့် မြန်မာကျပ်ငွေလှဲလှယ်သူတဦးထံမှ မစ်ခ်(နှာခေါင်းပါးစပ်ပိတ်)စွတ်ထားသော အမျိုးသမီးတစ်ဦး မော်တော်ဆိုင် ကယ်ဖြင့် မြန်မာငွေမှတရုတ်ငွေလှဲရန် ရောက်ရှိလာကြောင်း ကောင်းနောင်မိုရပ်နေ နမ့်ခမ်းသားတစ်ဦးက ဤကဲ့သို့ ပြောပါသည်။
နန်းအေးမွေးက အော်ဟစ်အကူအညီတောင်းရာ ဘေးပတ်ဝန်းကျင်ရှိလူများက ဆိုင်ကယ်ဖြင့် သူမနောက်လိုက်ရာ ဟိုကတ်နှင့်နောင်ဇန့်ရပ်ကြားတွင် သူမအားလိုက်မှီဖမ်းဆီးမိကြောင်း၊ သူမအားရိုက်နှက်စစ်ဆေးပြီး ရဲစခန်းသို့ ခေါ် ဆောင်သွားကြောင်း ၎င်းကဆက်လက်ပြောပါသည်။
“သူမဟာ ရဲသားရဲ့ဇနီးဖြစ်ကြောင်းပြောတယ်။ သူများလုပ်ခိုင်းလို့လုပ်ရတယ်ပြောတယ်။ သူလုယူထွက်ပြေးတဲ့ ပိုက်ဆံအိတ်တော့ ဘယ်မှာလွှင့်ပစ်လိုက်မှန်းမသိဘူး။ ရိုက်နက်မေးမြန်းလဲမပြောဘူး။ မလွန်ဆန်နိုင်လို့လုပ်ရတာလို့ ဘဲပြောတယ်” ဟု ကောင်းနောင်မိုရပ်နေ နောက်နမ့်ခမ်းသားတစ်ဦးက ပြောပါသည်။
ရဲများကရှာဖွေရာ သူမထံမှ တရုတ်ယွမ်ငွေ ၆၀၀ သာတွေ့ရှိကြောင်း၊ သူမ လုယူလာသည့် ပိုက်ဆံလည်း မည်သည့် နေရာ၌ ပစ်ထားသည်ကိုမပြောကြောင်း၊ စစ်ဆေးတွေ့ရှိမိသည့် ငွေ ၆၀၀ ကိုလည်း အာဏာပိုင်က နန်းအေးမွေးအား ပြန်လည်ပေးအပ်ခြင်းမရှိကြောင်း ၎င်းကဆက်လက်ပြောပါသည်။
ငွေထုတ်လုယူထွက်ပြေးသွားသူမှာ ကောင်းနောင်မိုရပ်ရှိ သစ္စာမိုးလက်ဖက်ရည်ဆိုင်ပိုင်ရှင် စစ်ထွက် ဦးဥာဏ်မြင့် (ကွယ်လွန်) ၏သမီး၊ ရဲသားမင်းထွန်းနိုင်(၃၀ နှစ်)၏ ဇနီး မမိုးသူဇာ (၂၈ နှစ်) ဆိုသူဖြစ်သည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment