ရွှေအာဏာရောင်
ထိန်ထိန်ပြောင်လို့
ရှောင်ရှားရတို့လူငယ်
စက်အာဏာ
ပတ်ချာတာကြောင့်
တို့နိုင်ငံမှာလေ
သူခိုးကြမ်းပိုး
ဝန်ထမ်းဆိုးတွေ
များလှပေ၏
သီလရောင်ထိန်
လုံခြုံသလားမမေးနဲ့
သံဃံတွေသွေးနဲ့
လမ်းဆေးတယ်
ကျောသားရင်သား
မခွဲခြားပါဘူး
တပြေးညီဖြစ်တာမို့
လူအရှင်လတ်လတ်ကို
မီးရှို့လို့သတ်တယ်
ဆန်ရေစပါး
ပေါများသလားမမေးနဲ့
လူတိုင်းဟာတောင်စားနေရတယ်
ဥပဒေစိုးမိုးတာကြောင့်
လူတော်လူကောင်းတွေကို
ထောင်ထဲမှာပဲ သိမ်းထားတယ်
လူသားမျိုးနွယ်တိုးတက်ဖို့
နိုင်ငံခြားပြည်ကိုရောင်းစားတယ်
လူမျိုးကိုဖြတ်
ဘာသာကိုသတ်
တရုတ်ကိုအဖေခေါ်
ကုလားကိုအိမ်ခေါ်ထား
ဆက်ရေးတော့ပါဘူးရှင့်
နန်းယမင်းဝေ
နန်းယမင်းဝေ






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment