မင်းထက်အောင်(ဒီဇင်ဘာ-၅)။ ။ လက်နက်ချနိုင်ရှောင်းအဖွဲ့သည် ရေးမြို့နယ်တောင်ပိုင်းဒေသ၌ မြန်မာစစ်အစိုးရတပ်ဖွဲ့နှင့်အတူ စစ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်သွားရန် လွန်ခဲ့သည့်ရက်ပိုင်းတွင် သဘောတူညီမှုရရှိခဲ့ကြောင်း အဆိုပါမွန်လက်နက်ချအဖွဲ့မှ အမည်မဖေါ်လိုသူ ထိပ်ပိုင်းပုဂ္ဂိုလ်တစ်ဦးက ပြောသည်။
၎င်းပုဂ္ဂိုလ်အပြောအရ မွန်လက်နက်ချအဖွဲ့မှ တပ်စိပ် ၃ စိပ်၊ အင်အား ၂၀ ယောက်ဝန်းကျင်ခန့် အဆိုပါစစ်ရေးလှုပ်ရှားမှုတွင်ပါဝင်ဆောင်ရွက်သွားရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ သဘောတူညီခဲ့သည်ဟု သိရသည်။ ရေးမြို့နယ်တောင်ပိုင်းဒေသတဝိုက် ခေါဇာမြို့နယ်ခွဲတွင် ခလရ ၃၁ တပ်ရင်းဌာနချုပ်တည်ရှိနေပြီး တပ်ပြေးအင်အားများပြားနေကြောင်း၊ ယခုအခါအဆိုပါတပ်ရင်းတစ်ရင်းလုံး၌ စစ်သည်အင်အား ၇၀ ယောက်ပင်မပြည့်နိုင်သောကြောင့် နယ်မြေစိုးမိုးရေးအတွက် အခက်ကြုံလာရသဖြင့် မွန်လက်နက်ချအဖွဲ့ကို အသုံးချရခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူတစ်ဦး သုံးသပ်ပြောဆိုသည်။ “နိုင်ရှောင်းတို့အဖွဲ့ကိုစိတ်ချလက်ချအယုံအကြည်ရှိတာတော့မဟုတ်သေးဘူး၊ ဒါပေမယ့်အစမ်းသဘောအနေနဲ့ ထုတ်သုံးကြည့်တာ၊ အမိန့်ဘယ်လောက်အထိနာခံမလဲပေါ့” ဟု အဆိုပါစစ်ရေးလေ့လာသူက ဆက်ပြောသည်။ ယင်းဒေသတဝိုက်တွင် မြန်မာစစ်အစိုးရတပ်ဖွဲ့အား လက်ရှိတိုက်ခိုက်နေသည့် အခြားမွန်လက်နက်ကိုင် အဖွဲ့ငယ်အချို့လည်း လှုပ်ရှားလျှက်ရှိနေကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။ ရေးတောင်ပိုင်းဒေသသည် ယခင်ကမွန်ပြည်သစ်ပါတီအမာခံဒေသဖြစ်ခဲ့ပြီး ၁၉၉၅ ခုနှစ် မြန်မာစစ်အစိုးရနှင့်အပစ်ရပ်ပြီးနောက်ပိုင်း သဘောတူညီချက်အတိုင်း ထိုနယ်မြေမှမွန်ပြည်သစ်ပါတီတပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရသည်ဟု မှတ်တမ်းများအရသိရသည်။၎င်းဒေသခံများသည် မြန်မာစစ်အစိုးရတပ်ဖွဲ့၏နှိပ်စက်မှုဒဏ်ကို မခံမရပ်နိုင်ဖြစ်လာသည့်အတွက် နောက်ပိုင်းတွင် လက်နက်ကိုင်မွန်တပ်ဖွဲ့ငယ်များပေါ်ပေါက်လာပြီး စစ်အစိုးရအားခုခံတိုက်ခိုက်လျှက်ရှိရာ အခြားမွန်ဒေသများကဲ့သို့ နယ်မြေအေးချမ်းမှုမရှိကြောင်း ဒေသခံများထံမှသိရသည်။ “ငါးကြင်းဆီနဲ့ငါးကြင်းကျော်တဲ့နည်းပဲ၊ မွန်ဒေသကျေးရွာတွေမှာ မွန်တွေအချင်းချင်းတိုက်ခိုက်ကြဖို့ ဒီလက်နက်ချတဲ့အဖွဲ့ကို ပုဆိန်ရိုးလိုအသုံးပြုသွားဖို့ပဲ” ဟု ရေးတောင်ပိုင်းမှ မွန်ဆရာတော်တပါးက သုံးသပ်ပြောဆိုသည်။ နိုင်ရှောင်းနှင့်အဖွဲ့သည် လွန်ခဲ့သည့်အောက်တိုဘာလ ၂၆ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ လက်နက်အပ်နှံပွဲပြုလုပ်ခဲ့သည်ကို ယခင်သတင်းများတွင်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ တဖန် ယခုလ ၃ ရက်နေ့တွင်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ပေါက်(ကော့ဘိန်းအနီး)ရွာတွင်လည်း လက်ကျန်နောက်လိုက်အင်အား ၅၀ ခန့် ဒုတိယအကြိမ်လက်နက်အပ်နှံပွဲ အခမ်းအနားတစ်ရပ်ထပ်မံပြုလုပ်ခဲ့သည်ဟု မွန်ပြည်သစ်ပါတီအရာရှိတဦးပြောကြားခဲ့သော်လည်း သီးခြားအတည်ပြုချက် မရရှိသေးပေ။ အဆိုပါအခမ်းအနားသို့ တပ်မတော်အင်အားဖြည့်တင်းရေးညွန်မှုး ဗိုလ်ချုပ်ငွေသိန်းနှင့် ကရင်ပြည်နယ်ဥက္ကဌဖြစ်သူအရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းတက်ရောက်ခဲ့သည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။ ဗိုလ်မှူးကြီးနိုင်ရှောင်းသည် အသက်ကြီးရင့်လာသဖြင့်မွန်ပြည်သစ်ပါတီမှအနားယူပြီးနောက် စစ်အစိုးရအားပြန်လည်တိုက်ခိုက်ရန် ရာမညတပ်ဖွဲ့အားဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင်သူ၏အဖွဲ့သားများ ပြန်ပေးဆွဲငွေတောင်းခံသည့်လုပ်ရပ်များပြုလုပ်လာသည့်အတွက် အခြေအနေမဟန်သဖြင့် ယမန်နှစ်တွင်စစ်အစိုးရထံ ဝင်ရောက်လက်နက်ချခဲ့ကြောင်း ယခင်သတင်းများတွင်ဖေါ်ပြခဲ့ပြီးဖြစ်သည်။ | |||
5 December 2010
လက်နက်ချနိုင်ရှောင်းအဖွဲ့ စစ်အစိုးရတပ်နှင့်အတူစစ်ဆင်ရေးလှုပ်ရှားရန်သဘောတူ
Etiketter: မွန်သတင်း
Subscribe to:
Post Comments (Atom)







ရေးတောင်ပိုင်းဒေသသည် ယခင်ကမွန်ပြည်သစ်ပါတီအမာခံဒေသဖြစ်ခဲ့ပြီး ၁၉၉၅ ခုနှစ် မြန်မာစစ်အစိုးရနှင့်အပစ်ရပ်ပြီးနောက်ပိုင်း သဘောတူညီချက်အတိုင်း ထိုနယ်မြေမှမွန်ပြည်သစ်ပါတီတပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရသည်ဟု မှတ်တမ်းများအရသိရသည်။
စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment