မင်းချမ်း၊ ကောင်းဝါ
မင်းချမ်း(ဒီဇင်ဘာ-၅)။ ။ ဘုရားသုံးဆူ၊ ထိုင်းနယ်မြေကိုဝင်ရောက်လာသော မြန်မာစစ်အရာရှိနှစ်ဦးတို့သည် ဗျူဟာမှူးသတင်းသိရှိသွားသဖြင့် ပြန်လည်ခေါ်ယူပြီးဂတုံးတုန်းရိပ်ကာ အပြစ်ပေးအပ်ခဲ့ကြောင်း အဆိုပါဖြစ်ရပ်တွင် ပါဝင်ခဲ့သူအမည်မဖေါ်လိုသူတစ်ဦး ပြောသည်။
ဖြစ်စဉ်မှာ ဘုရားသုံးဆူမြို့နယ်စပ်အနီး ဘုရင့်နောင်ကုန်းတွင် စခန်းချလျှက်ရှိသော ခမရ ၄၁၀ စစ်ကြောင်း ၂ မှူးဖြစ်သူ ဒုရင်းမှူးဗိုလ်မှူးမျိုးမင်းထွန်းနှင့် ၄င်းတပ်ဖွဲ့မှဗိုလ်ကြီးတစ်ဦးတို့သည် ယခုလ ၃ ရက်နေ့၊ နေ့လည်ပိုင်းတွင် ထိုင်းနယ်မြေဘုရားသုံးဆူသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
“ဗျူဟာမှူးသိသိချင်း ဒေသခံထိုင်းအာဏာပိုင်တွေနဲ့ အဆက်အသွယ်ရယူပြီး ဒီအရာရှိတွေမြန်မာပြည်ဖက်ကို ပြန်ခေါ်ခဲ့တာဖြစ်တယ်၊ ဒီရောက်တော့ ထိပ်တုန်းခတ် ဂတုံးတုန်းရိပ်အပြစ်ပေးလိုက်တယ်” ဟု အမည်မဖေါ်လိုသူက ဆက်ပြောသည်။
ထို့နောက် ခမရ ၄၁၀ စစ်ကြောင်း ၂ ကို ထိုင်းနယ်စပ်နှင့်ဝေးရာ ဘုရားသုံးဆူမြို့အပြင်ဖက် ရွာသစ်နှင့်ကျုံကွီးရွာဖက်တွင် ဗျူဟာမှူးဗိုလ်မှူးကြီးသိန်းဇော်က အမိန့်ပေးပြောင်းရွေ့လိုက်ကြောင်း ဒေသအတွင်း မြန်မာတပ်ဖွဲ့များလှုပ်ရှားမှုကိုထောက်လှန်းနေသူ ကေအဲန်ယူတပ်မဟာ ၆ ပြောခွင့်ရဗဒိုစောထဲနေက ပြောသည်။
ထိုဖြစ်စဉ်တွင် ထိုင်းနယ်မြေသို့လိုက်ပါပို့ဆောင်ရွက်ပေးခဲ့သူ ဒီကေဘီအေတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးအပြောအရ ဗျူဟာမှူးနဲ့အထက်အရာရှိများထံသတင်းပေါက်ကြားခဲ့သည့်အတွက် အဆိုပါမြန်မာစစ်အရာရှိနှစ်ဦး ထိုင်းနိုင်ငံအတွင်းပိုင်းသို့ တနည်းနည်းဖြင့်ထွက်ပြေးရန်ကြိုးစားနေစဉ် မအောင်မြင်ဖြစ်ခဲ့သည်ဟု သိရသည်။
ထိုင်းနယ်စပ်ရောက် မြန်မာစစ်အစိုးရတပ်ဖွဲ့ဝင်တို့မှာ ထိုင်းနိုင်ငံအတွင်းသို့ တပ်ပြေးဝင်ရောက်မှုများ မကြာခဏဖြစ်ပေါ်နေကြောင်း၊ ယခုအခါ မဟာချိုင်ဒေသတွင် မြန်မာတပ်ပြေးများ ထောင်ဂဏန်းအထိပင်ရှိနေကြောင်း သတင်းများတွင်ရေးသားဖေါ်ပြကြသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment