ရန်ငါမပြတ်လို့
အင်တာနက်ခေတ်ကြီးမှာ
အွန်လိုင်းပေါ်တွေ့
ဘလောဂ့်ပိုင်ရှင်များ
စိတ်ဝမ်းကွဲခဲ့ရတာ
ရန်ငါမပြတ်သူ
ကာလာအတုဘလောဂ့်ပိုင်ရှင်ဆိုသူတွေရဲ့
စိတ်ထားမျိုးတွေကြောင့်လား?
ကာလာအတုဘလောဂ့်ပိုင်ရှင်တွေ အသင်အပြကလည်း
အွန်လိုင်းပေါ် ရွှေကရင်တွေကို
ကွဲကွဲပြိုပြိုဖြစ်အောင်
လူပုဂ္ဂိုလ် ကိုယ်ရေးကိုယ်တာနဲ့
ဘလောဂ့်ကိုရောထွေးကာ
လမ်းလွဲပေးတဲ့ သူတို့ရေ...
ကိုယ့်အုပ်စုနဲ့ ကိုယ် တပည့်မွေးကာ
ငါဆိုတဲ့ အတ္တ မာနတွေနဲ့ ပြိုင်ဆိုင်
ကာလာအတုနဲ့ ဘလောဂ့်ကို ဗန်းပြ
မော်ဒန်လုပ်ပြလို့
မင်း အနောက်နိုင်ငံကိုရောက်နိုင်ပါ့မလား?
ရန်ငါမပြတ်တဲ့
ကာလာအတု ဘလောဂ့်ပိုင်ရှင် အထွတ်အမြတ်တို့ရေ...
မူယာမာယာတွေ ထောင်သောင်းမက
မင်းရဲ့ ပရိယာယ် ဝင်္ကမ္ဘာမှာ
တချို့ ဘလောဂ့်ပိုင်ရှင်တွေ
နှာဂိုတောင်ထလို့
လမ်းချော်နေကြပြီ။
အုပ်ချုပ်သူ မိဘမဲ့
ရမ္မက် လောဘမက်၍
ဒေါသမီးတွေ တဟုန်းဟုန်းတောက်
တွေ့သမျှ ကရင်ဘလောဂ့်ပိုင်ရှင်တွေကို
ငါးစိမ်းသည်မ ပါးစပ်နဲ့ ပြောဆိုလို့
မင်း ယှဉ်နိုင်မှာလား?
ဘလောဂ့်အင်္ဂါရပ်နဲ့ အညီ
ဘလောဂ့်သမားပီပီ
သိက္ခာရှိရှိ ရပ်တည်နေတဲ့
ဘလောဂ့်သမား စိတ်ဓာတ်မျိုးကိုတော့
မရိုက်ချိုးကြဖို့ မေတ္တာစိတ်ထားနဲ့
သတိပေးလိုက်ပါရစေရှင့်။............
နန်းယမင်းဝေ
မှတ်ချက်။ ။ကရင်ညီနောင်များ သတိထားစရာများ (KNU)ကို အစိုးရ တိုက်လာတာ နှစ်ပေါင်းများစွာ
ကြာခဲ့ပြီ ဒါပေမယ့် (KNU)ဘာမှမဖြစ်ဘူး နောက်ပိုင်းတော ကိုယ့်အချင်းချင်း အယူအဆ
အတွဲအခေါ်တွေလွဲချော်မှုကြောင့် တော်လှန်ရေးကို ဘာသာရေးနဲ့ ရောထွေးတော့ (KNU)နဲ့
DKBA ခွဲကျရော အခုလည်း တချို့သောသူတွေ ကရင်ဘလောဂ့်နဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို
ရောထွေးလာတာတွေ့ရလို့ ကရင်ညီညွတ်မှုဆိုတာ အရမ်းကို အလှမ်းဝေးသွားပြီ ဘလောဂ့်ကော်မရှင်တခုဖွဲ့ဖို့လိုအပ်နေပြီ တယောက်တလမ်းသွားမယ်ဆိုရင်တော့ စညှ်းမဲ့ကမ်းမဲ့ဖြစ်ကုန်တော့မယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment