ဆုံဆည်းရာ၊ ၁၉ ရက် ဒီဇင်ဘာလ ၂၀၁၀
နံနက် (၁၀ နာရီ ၃၀ မိနစ်) ပြီးခဲ့အပတ်က လက်နက်ချ ဒီကေဘီအေ ၉၀၇ တပ်မှူးနော်တရာအပါအ၀င် တပ်မှူးအချို့ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို အရေးယူရန်အတွက် ခေါ်ဆောင်ထားကြောင်း သတင်းများထွက်ရှိနေပါတယ်။
နံနက် (၉ နာရီ ၃၀ မိနစ်) မြန်မာနိုင်ငံမှာ နျူကလီးယား အစီအစဉ်တွေ လုပ်ဆောင်နေတာတွေကို သွားရောက်စစ်ဆေးခွင့်ုဖို့အတွက် IAEA ခေါ် ကုလသမဂ္ဂ အနုမြူစွမ်းအင်အေဂျင်စီက စစ်အစိုးရကို စာရေးသား တောင်းဆိုလိုက်ကြောင်း Wall Street Journal သတင်းစာက ယမန်နေ့က ရေးသားလိုက်ပါတယ်။ မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လုပ်ဆောင်လာရာမှာ အဲဒီအထဲမှာ နျူကလီးယားနည်းပညာတွေ၊ တာဝေးပစ်ဒုံးပျံတပ်ဆင်တာတွေနဲ့ မြေအောက်လိုဏ်ခေါင်း တူးဖော်တာတွေ ပါဝင်တယ်ဆိုပြီး အမေရိကန် ပြည်ထောင်စု အပါအဝင် အာရှနိုင်ငံတွေက စိုးရိမ်နေကြတာပါ။
အီရန်၊ ဆီးရီးယား စတဲ့ နိုင်ငံတွေကို မြောက်ကိုရီးယား စစ်လက်နက်ပစ္စည်းတွေ ပင်လယ်ရေကြောင်း က သယ်ယူရာမှာ မြန်မာဆိပ်ကမ်းကတဆင့် ကြားခံလွှဲပြောင်းပြီး ပို့ဆောင်ပေးနေတယ်လို့ အမေရိကန်အရာရှိ တွေက စွပ်စွဲထားပါတယ်။ ထို့အပြင် မကြာသေးခင် နှစ်တွေအတွင်း မြန်မာရေပိုင်နက်နဲ့ လေကြောင်းပိုင်နက် တွေကို ဖြတ်သန်းပြီး ဒုံးကျည်အစိတ်အပိုင်းတွေ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယား သင်္ဘောတွေနဲ့ လေယာဉ်တွေကို အမေရိကန်က ကြားဖြတ် တားမြစ်ခဲ့တယ်လို့လည်း ဝါရှင်တန်ပို့စ် သတင်းမှာ ရေးသားထားပါတယ်။ (ကိုးကား - အာရ်အက်ဖ်အေ)

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment