သိရသည်။
ကရင်နီတပ်မတော်မှ စစ်ရေးအရ တိုက်ခိုက်မှုများနှင့် ဖောက်ခွဲမှုများ ပြုလုပ်လာမည်ကို စိုးရိမ်၍ လ၀ကရုံးအား နိုဝင်ဘာလ ၁ ရက်နေ့မှ စ၍ ယနေ့အထိ ရွာသားများနှင့်
ကျေးရွာဥက္ကဌတို့မှ ညအိပ်စောင့်ပေးနေရသည်ဟု ဒေသခံရွာသား တဦးက ပြောသည်။
လ၀ကရုံးအပြင် ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုး ကျေးရွာအုပ်စုတွင် အခြေစိုက်ထားသည့် စစ်အစိုးရတပ် ခမရ ၄၂၇ တပ်စခန်းကိုလည်း ကျေးရွာဥက္ကဌများနှင့် အတွင်းရေးမှူးတို့မှ
လာရောက်အိပ်စောင့်ပေးရန် အမိန့်ထုတ်ထားကြောင်း သိရသည်။
“ဒီးမော့ဆိုမြို့နယ်ဘက်က ထီးဖိုးကလိုးရွာမှာ စစ်တပ်ဂိတ် ရှိတယ်။ အဲဒါကို စစ်ဖြစ်မယ်လို့ ကြားပေမယ့် စစ်တပ်ဘက်က ညတိုင်း ကျေးရွာတိုင်းရှိ ဥက္ကဌနဲ့ အတွင်းရေးမှူးတွေကို အလှည့်ကျ
ခေါ်အိပ်တယ်” ဟု တပ်စခန်းအား ညအိပ်စောင့်ပေးနေရသူထဲက ရွာသား တဦးက ပြောသည်။
ခမရ ၄၂၇ အခြေစိုက်ထားသော တပ်စခန်းသည် ထီးဖိုးကလိုး၊ ဒေါကလော်ဒူ၊ မြို့မနှင့် ငွေတောင်ကျေးရွာအုပ်စုများထဲတွင် အခြေစိုက် ထားသည်။ ထိုကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း ၂၈ ရွာ ရှိသည်။
ယခုလို လ၀ကရုံးနှင့် တပ်စခန်းများကို ညအိပ်စောင့်ခိုင်းခြင်း အမိန့်သည် ကရင်နီတပ်မတော်မှ စစ်ရေးအရ တိုက်ခိုက်လာနိုင်သည့် ရန်ကို ကာကွယ်နိုင်ရန်အတွက် ရွာသားများကို
အသုံးချနေခြင်း ဖြစ်သည်ဟု ကရင်နီလူမှုကယ်ဆယ်ရေး ပင်မမှ ဒါရိုက်တာ ခူးဖဲဘူးက
ပြောသည်။
၎င်းက “ဗမာစစ်သားတွေက ကျေးရွာဥက္ကဌတွေကို သူတို့ တပ်စခန်းမှာ လာအိပ်ခိုင်းတယ်။ သူတို့က ဒီရွာသားတွေနဲ့ပဲ အားကိုးချင် တယ်လေ။ တကယ်လို့များ ကရင်နီစစ်သားတွေ လာပစ်ရင်လည်း ရွာသားတွေရှိရင်
မပစ်ရဲဘူး ဆိုပြီး တွက်ထားတာ သူတို့က” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၆ ရက်နေ့က ပွန်ချောင်းတံတား အနီး၌ အခြေစိုက်ထားသော စစ်အစိုးရတပ် တပ်စခန်းအား ကရင်နီတပ်မတော်မှ စစ်ရေးအရ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး တံတားအား
ဖောက်ခွဲဖျက်ဆီးခဲ့သည်။
lucky october မှ.......






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment