ဧရာဝတီမှ.....
ယနေ့အထိ ဧရာဝတီက ရရှိထားသော မဲအနိုင်အရှုံး စာရင်းများအရ အနိုင်ရ အရပ်သား ပါတီများ၏ ပါလီမန်အတွင်း ၀င်ရောက် နိုင်ခွင့်မှာ ၁၀ ရာခိုင်နှုန်းမျှပင် မရှိသေးသဖြင့် ၁၉၆၂ ခုနှစ်အလွန် တပါတီစနစ် တရပ်ဆီ ပြန်သွားနေပြီလောဟု မေးခွန်းထုတ် စရာဖြစ်နေသည်။ကြံ့ဖွံ့ပါတီကမူ တနိုင်ငံလုံး အတိုင်းအတာဖြင့် ၈၀ ရာခိုင်နှုန်းခန့်ဖြင့် အနိုင်ရရှိကြောင်း ကြံ့ဖွံ့ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတဦးကို ကိုးကားကာ အေအက်ဖ်ပီ သတင်းဌာနတွင် ယမန်နေ့က ဖော်ပြထားသည်။
| ဥပဒေပြုနိုင်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ပေါင်း - ၆၆၄ | |
| စစ်တပ်ကိုယ်စားလှယ် | ၁၆၆ |
| ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ | ၂၁ |
| အမျိုးသားဒီမိုကရေစီအင်အားစု | ၁၂ |
| ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ | ၁၆ |
| အခြားပါတီများ | ၂၀ |
| ယခုစာရင်းအရ ကြံ့ဖွံ့ပါတီက ရယူထားသည့် အရေအတွက် | ၄၂၉ |
ဥပဒေပြုခွင့်ရှိသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ၂ ရပ်ပေါင်းတွင် အရပ်သားပါတီများက ၆၉ နေရာသာ နေရာ ယူထားနိုင်သေးသည်။ အဆိုပါ လွှတ်တော် ၂ ရပ်၌ နေရာ စုစုပေါင်း ၆၆၄ နေရာ ရှိကာ စစ်တပ်က အလိုအလျောက် ၁၆၆ နေရာ ရယူထားပြီး ဖြစ်သည်။သို့ဖြစ်ရာ ဥပဒေပြုနိုင်ခွင့်ရှိသည့် လက်ကျန် ၄၉၈ နေရာသည် စစ်တပ် ကျောထောက်နောက်ခံပြု ကြံ့ဖွံ့ပါတီ၏ နေရာဖြစ်သွားပြီ လောဟု တွေးဆ စရာဖြစ်နေသည်။ ရွေးကောက်ပွဲအပြီး နောက်တရက်တွင် ကော်မရှင်က ထုတ်ပြန်လိုက်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင်လည်း ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများက မင်းမူထားသည်။
နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲသည် ကြိုတင်မဲမသမာမှုအပါအ၀င် မတရားမှုများစွာ ရှိနေသည်ဟု ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အရပ်သားပါတီများက ထုတ်ဖော်ပြောဆိုလာကြပြီး ကန့်ကွက်မှုများ ၊ မဲရလဒ်ကို လက်မှတ်ထိုးမပေးမှုများ ဖြစ်ပေါ်နေသဖြင့် ယခု အချိန်ထိ အနိုင်အရှုံးစာရင်းကို ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။
ကြံ့ဖွံ့ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ဦးကမူ ကြိုတင်မဲကိစ္စသည် ရွေးကောက်ပွဲကော်မရှင် ကိစ္စသာဖြစ်၍ ၄င်းတို့နှင့်မဆိုင်ဟု ယမန်နေ့က VOA သတင်းဌာနနှင့် အင်တာဗျူးတွင် ငြင်းဆိုထားသည်။
သို့သော် အရပ်သားပါတီတခုဖြစ်သည့် ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဌ ဦးသိန်းဌေးက“မသမာတဲ့ ကြိုတင်မဲတင် မကဘူးဗျ။ မဲရုံထဲမှာ ခြိမ်းခြောက်ပြီး ကြံ့ဖွံ့ပါတီကို မဲပေးခိုင်းတာ ၊ ကော်မရှင်အဖွဲ့ဝင်တွေက ကြံ့ဖွံ့ပါတီရဲ့ မဲရုံစောင့်တွေကို မလွန်ဆန်နိုင် တာတွေ အပါအ၀င် သက်မပြည့်တဲ့သူတွေကို မဲပေးခိုင်းတာ ၊ လူတဦးတည်းက အကြိမ်ကြိမ် မဲလာပေးနေတာ ၊ ကျနော်တို့ ဒီမိုကရက်တစ်တွေကို မဲပေးနိုင်မယ့်သူတွေကို မဲပေးခွင့်စာရင်းကနေ ချန်ထားခဲ့တာတွေ အများကြီးဖြစ်ခဲ့တာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့သော အခြေအနေများကြောင့် ပဲခူးတိုင်းမှ ၀င်ရောက်အရွေးချယ်ခံသော အရပ်သား လွှတ်တော် ကိုယ်စားလှယ်လောင်းများ စုပေါင်း၍ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ယနေ့ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြပြီဖြစ်သည်။
ကျန်အရပ်သားပါတီများဖြစ်သော အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)နှင့် ဒီမိုကရက်တစ်ပါတီ(မြန်မာ) တို့ကလည်း တရား မျှတမှုမရှိသည့် ရွေးကောက်ပွဲကို တုံ့ပြန်သွားရန် စီစဉ်နေကြပြီ ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲကို စောင့်ကြည့်ပြီး အစီရင်ခံစာတစောင် ထုတ်ပြန်ရန် ပြင်ဆင်နေသည့် Myanmar Network for free Election အဖွဲ့မှ ကိုမျိုးရန်နောင်သိမ်းက အခြေအနေများသည် လွန်စွာရှုပ်ထွေးနေပြီး မတရားမှုများလည်း များစွာရှိနေသည်ဟု ဆိုသည်။
“ကျနော်တို့ရှိနေတဲ့ ကမာရွက်မြို့နယ်မှာဆို မဲရုံ ၃၇ ရုံရှိတယ်။ အဲဒီအထဲက မဲရုံ ၃၂ ရုံက ရေတွက်ရမယ့်မဲတွေ အရင် ရောက် လာတယ်။ ကျန်တဲ့ ၅ ရုံလောက်က ကော်မရှင်ရုံးကို ရောက်မလာသေးဘူး။ ရောက်လာတဲ့ဟာကို အရင် ရေတွက်နှင့်တော့ NDF ပါတီက နိုင်နေတယ်။ အဲဒီမှာ ကြိုတင်မဲဆိုပြီး ၀င်လာတဲ့ဟာတွေကို ရေတွက်တော့လည်း NDF ကနိုင်နေတုန်းပဲ။ ကြိုတင်မဲနဲ့ လည်း မနိုင်တော့ဘူးဆိုတော့ သူတို့ စလိမ်ပြီ။ ကျန်တဲ့မဲရုံ ၅ ရုံက မဲရုံစောင့် ဆရာ ၊ ဆရာမတွေ ပြန်သွားတဲ့အချိန်ကို စောင့်ပြီး ပုံစံ ၁၆ က ဖြည့်ထားတဲ့ ဂဏန်းတွေကိုပါ လိမ်ပြီး မြို့နယ်ကော်မရှင်ကို ပို့တော့တာ”ဟု ကိုမျိုးရန်နောင်သိမ်းက ရှင်းပြသည်။
နိုင်ငံတကာ စောင့်ကြည့် လေ့လာရေး အဖွဲ့များကို လက်မခံဘဲ ကျင်းပခဲ့သော နအဖ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲသည် ရှုပ်ထွေးမှုများဖြင့် လုံးထွေးနေပြီး ယနေ့အချိန်ထိ မဲအနိုင်အရှုံးစာရင်းကို ရှင်းလင်း ပြတ်သားစွာမကြေညာနိုင်သေးသော်လည်း ကွန်မြူနစ် နိုင်ငံများဖြစ်သည့် တရုတ်နှင့် ဗီယက်နမ် နိုင်ငံတို့ကမူ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုကြောင်း ထုတ်ဖော် ပြောဆိုနေသည်မှာ ရှက်ဖွယ်ဖြစ်ကြောင်း ရွေးကောက်ပွဲဝင် အရပ်သား ပါတီ ခေါင်းဆောင်များက ပြောဆိုသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment