http://kyokorea.blogspot.com/
 ကေအန်ယူ နဲ့ ဒီကေဘီအေ တပ်ဖွဲ့များ ပူးပေါင်းအင်အားနဲ့ နအဖ စစ်ကြောင်းကို  စောင့် ကြိုက်တိုက်ခိုက်တဲ့ တိုက်ပွဲတခု  နိုဝင်ဘာလ ၂၈ ရက်နေ့က  ဖြစ်ပွားခဲ့ပါတယ်။
ကေအန်ယူ တပ်ရင်း ၁၈ မှ ဗိုလ်အဲ့ကော် ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ဒီကေဘီအေ ကလိုထူး ဘောတပ်ဖွဲ့များ ပူးပေါင်းကာ ကော့ကရိတ် တောင်ဘက် အောင်လှိုင်ရွာနဲ့ စက္ကဝက်ရွာသွားတဲ့ တောင်ကြားနေရာ မှာ နအဖ စစ်ကြောင်းကို စောင့်ကြိုတိုက်ခဲ့တဲ့အတွက် သေနတ်အလက် ၃၀ နဲ့ နအဖ စစ် သားအလောင်း ၃၀ ရရှိတယ်လို့ သတင်းရရှိပါတယ်။
(ဆက်လက်စုံစမ်းနေပါတယ်)
နိုဝင်ဘာလ ၂၆ ရက် နဲ့ ၂၇ နေ့ တွေ့မှာ ဗမာဘက်ကမ်း ဖလူးကျေးရွားအနီးပတ်ဝန်း ကျင်မှာ နအဖ တပ်တွေနဲ့ နယ်ခြားစောင့်တွေ ပူပေါင်းကာ ဒီကေဘီအေ နဲ့ ကေအန် ယူတို့ ရှိတဲ့နေရာများကို ထိုးစစ်များဆင်လာတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားကာ ဒုက္ခသည်များ ထိုင်းနိုင်ငံဘက် မဲကူကင်း ကျေးရွာမှာ လာရောက်ခိုလှုံနေရပါတယ်။ ဒီကနေ့ မှာ ဒုက္ခသည် တသောင်းဝန်ကျင်အထိ ရှိနေတယ်လို့လဲ သိရပါတယ်။ ခု ဒုက္ခသည်တွေကို ထိုင်းဘက်ခြမ်းက မဲကူ ကင်းရွာက ဘုန်းကြီးကျောင်းဝင်းထဲမှာ နေရာပေးထားတယ်လို့လဲ သိရှိရပါတယ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment