29 November 2010

မြ၀တီ အနီး တိုက် ပွဲ များ ပိုမိုပြင်းထန်လာ



http://www.karenunited.com..........


Written by FNG   
နအဖ စစ်သားတွေက လက်နက်မှရှိတဲ့ ပြည်သူ ကျောင်းသား နဲ့ သံဃာတွေကို ဘဲ လက်နက် အားကိုးနဲ့ အနိုင်ကျင့်တတ်တာ လက်နက်ခြင်းယှဉ်ရင်တော့... အားလုံး မြင်တွေ့ရတဲ့ သတင်းတွေအတိုင်းဘဲ။ ဒါတောင် KNU က ရိုးရိုး စစ်သားတွေဘဲရှိသေးတယ်နော် ကွန်မန်ဒိုတွေ ထုတ်မသုံးသေးဘူး။ 
 
အောင်မြင်။       ။မြ၀တီနှင့် ၁၀မိုင်အကွာတွင်ရှိနေသော ဝေါလေ ဒေသတွင် ပိတ်မိနေသော နအဖ တပ်တတပ်အားကယ်ထုတ်နိုင်ရန်အတွက် နအဖ တပ်ရင်း ၃ ရင်းဖြင့် စစ်ကြောင်းထိုးလာမှုကို ဒီကေဘီအေ ကရင်မျိုးချစ်ရဲဘော်များရဲ့ ပူးပေါင်း တိုက်ခိုက်ခိုက်မှုကြောင့် ယမန်နေ့က နအဖစစ်တပ်မှ တပ်သား အမြောက် အများ ကျဆုံးကြောင်း သတင်းရရှိပါတယ်။
ဖလူးလေးကျေးရွာအနီးရှိ သံမဏိတောင် တွင် နေ့လည် ၁၂နာရီတွင် တကြိမ်၊ ညနေ ၅နာရီခွဲတွင်တကြိမ် နအဖစစ်တပ်များနှင့် ဒီကေဘီအေတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားရာတွင် နအဖ စစ်သည်၁၇ ဦးကျဆုံးခဲ့ပြီး၊ဒီကေဘီအေ တပ်ဖွဲ့ဘက်မှအထိ
အခိုက်အကျအဆုံးမရှိကြောင်း FNG ကသတင်းရရှိပါတယ်။ယမန်နေ့ ည တွင်လည်း မြ၀တီမြို့ရှိ တောရကျောင်းရှေ့တွင် လက်နက်ကြီးကျည် ၁လုံး၊ ခရစ်ယာန် ဘုရားကျောင်းရှေ့တွင် ၁လုံးကျရောက်ပေါက်ကွဲပြီး မည်သည့်အဖွဲ့ကပစ်သည်ကို မသိရကြောင်း မြ၀တီ ဒေသခံတဦးက ပြောပြပါတယ်။

0 kommentarer:

Post a Comment