ဧရာဝတီ
UN  သံတမန် မစ္စတာ ဂန်ဘာရီ နေရာမှာ အစားဝင်တဲ့ မစ္စတာ Vijay Nambiar မြန်မာပြည်  ခရီးစဉ်အကြောင်းက သတင်းဌာနတွေ မရေးမဖြစ် ရေးရတဲ့ သတင်းပါပဲ။နိုင်ငံတကာ သတင်းဌာနတွေကတော့ ဒီလူကြီးက ဒီမိုကရေစီခေါင်းဆောင်၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ် ဘာတွေ ဆွေးနွေးတယ် ဆိုတာကို ဦးစားပေး ရေးသား၊ ဓာတ်ပုံ ရိုက်ကြတယ်။ အပေါ်မှာ မြင်ရတဲ့ အတိုင်းပါပဲ။ သတင်းဓာတ်ပုံတွေ ရှိတဲ့ အင်တာနက်စာမျက်နှာတွေကို သွားလိုက်ရင် ကုလ သံတမန်ကြီး နဲ့ မြန်မာပြည်က အရေးအပါဆုံး နိုင်ငံရေးသမား တို့ပုံတွေကိုပဲ တွေ့ရပါတယ်။
နေပြည်တော်က မလိမ် မညာ လူမသတ်တဲ့ သတင်းစာတွေကတော့ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ။
ကုလ  အရာရှိကြီး မြန်မာပြည်လာတယ်၊ တစည ကြံ့ခိုင်ရေး စသဖြင့် ပါတီတွေနဲ့ တွေ့တယ်  လို့ ပဲ ဖော်ပြပါတယ်။ သတင်းထဲမှာ NLD လည်း မပါ၊ ဒေါ်အောင်ဆန်းစုကြည်လည်း  မပါပါဘူး။မသိလို့ ထည့်မရေးတာလည်း ဖြစ်နိုင်တာပေါ့လို့ ပြောရင်တော့ အကောင်းမြင်ရာ ရောက်မယ် ထင်ပါတယ်း)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment