ဆုံဆည်းရာ၊ ၁၈ ရက် နိုဝင်ဘာလ ၂၀၁၀
ရန်ကုန်
- ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမအနောက်လမ်းရှိ Sky Net အင်တာနက်ဆိုင်တွင် ယနေ့ မနက်ပိုင်းတွင် ဗုံးများတွေ့ရှိသောကြောင့် ရန်ကုန်ရှိ internet ဆိုင်များ ချက်ချင်း ပိတ်ရန် အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ ပြည်တွင်း အင်တာနက်လိုင်းတချို့ ဖြတ်ထားခံထားရကြောင်း သိရှိရသည်။
မြ၀တီ
- ဒီကေဘီအေ တပ်မဟာ ၅ - ကလိုထူးဘောဗျူဟာ လက်အောက်ခံ တပ်ရင်း ၉၀၉ မှ ဗိုလ်မှူးကြီး စတီး ဦးဆောင်သည့် တပ်ဖွဲ့အင်အား ၁၅၀ ခန့် ယမန်နေ့က ကေအန်ယူနှင့် ပြန်လည် ပူးပေါင်းသွားကြောင်း သိရှိရသည်။
- နအဖ စစ်တပ်နဲ့ ဒီကေဘီအေ တပ်များ တပ်မဟာ ၆ နယ်မြေ ကျိုင်းဒုံဂွင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။
- မြ၀တီမြို့တွင် မြို့တွင်းတိုက်ပွဲများ ဖြစ်ပေါ်မည်ဟု သတင်းများ ထွက်ပေါ်လာသောကြောင့် မြ၀တီမြို့တွင် ရပ်ဝေးမှ လာရောက် နေထိုင်လုပ်ကိုင်နေကြသော စီးပွားရေးသမားနှင့် ပြည်သူလူထုများ နေရပ်မြို့များသို့ ပြန်ကုန်ကြကြောင်း မြို့ခံတဦးမှ ပြောသည်။ မြ၀တီမြို့တွင်းတွင် နအဖ စစ်သားများမှ ဟမ်းဖုန်းကိုင်ဆောင်ထားသူများကို ဒီကေဘီအေ သတင်းပေးများဟုဆိုကာ ဟန်းဖုန်းများကို လိုက်လံ သိမ်းဆည်းနေကြောင်း သိရသည်။
ဗွီဒီယို
- ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ ဒုတိယ ပင်လုံညီလာခံအကြောင်း ယမန်နေ့က ထိုင်းတီဗွီလိုင်းက ထုတ်လွှင့်သွားတာပါ။
18 November 2010
ယနေ့ သတင်း (၁၈ ရက် နိုဝင်ဘာလ ၂၀၁၀)
Etiketter: သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment