8888 Peoplepower
စကားလုံးတွေနဲ့လည်တဲ့ နိုင်ငံရေးဖြစ်နေအုံးမယ်။
ဘာတဲ့...အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊
အမျိုးသားစည်းလုံးညီညွတ်ရေး၊ သုံးပွင့်ဆိုင်၊ Dialougue၊ ဖက်ဒရယ် စတဲ့
စကားလုံးတွေ တအားများတယ်။
နောက်ဆိုရင် အမျိုးသမီးစည်းလုံးညွတ်ရေး၊ အခြောက်ချင်း ရင်ချင်းကပ်၊ မိန်းမလျှာခြင်း ကျောခြင်းကပ်တွေလာအုံးမယ်။
ဒါကိုလည်း အချိန်နဲ့အမျှပြောင်းလဲနေတဲ့ Paradiagm Shift လို့ခေါ်တယ်။ တချိန်လုံးပြောင်းနေလို့...။
စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီပဲ ပေးမယ်
ဒီစကားက နအဖက ပြောတဲ့စကား။ ယူချင်ယူ မယူချင် လဲ,သေလိုက်။ ပြောတဲ့အတိုင်း လုပ်တယ်။
တောထဲမှာ ကြည့်ဖို့လုပ်ထားတဲ့မြေပုံထဲက (၇) ချက်အတိုင်း လုပ်တယ်။
၂၀၁၀-ရွေးကောက်ပွဲပြီးတဲ့အထိ။ ဒါက နအဖ ဖြစ်ချင်တဲ့
အမျိုးသားစည်းလုံးညီညွတ်ရေး။ နအဖက စစ်သားဆိုတော့ သူလိုချင်တာက အမိန်
့နာခံမှုပဲ။ သူ့အမိန့် တိုင်းလုပ်၊ မလုပ်ချင်ဘူးဆိုရင်တော့ သနားတယ်လို့
ပြောတယ်။ ပြောတဲ့အတိုင်း လူတိုင်းကို ထောင်ထဲထည့်တယ်။ သိတယ်ဟုတ်။
လေဖမ်းဒမ်းစီးဖြစ်ပြန်ပြီ
ကျနော်တို့ဘက်က လျှော့သင့်တယ်။ သင်ပုံးချေရေး၊ ခွင့်လွှတ်ခြင်းပေးရေး၊
စီးပွားရေးပိတ်ဆို့မှုကို နိုဘယ်ဆုရှင်ကြီးကပြောရင် နိုင်ငံတကာက
လုပ်ပေးနိုင်တယ်။ ဘာညာ အာပလာ။
ဗိုလ်ချုပ်သန်းရွှေရဲ့ စိတ်ပြောင်းအောင်ကျိုးစားနိုင်ရင် ဆွေးနွေးရေး ရမယ်။ ဒါလည်းရှိသေးတယ်။
ဒါတွေက အတိုက်အခံဘက်က ပြောတဲ့စကား။
တိုင်းရင်းသားတွေဘက်က ဖက်ဒရယ်၊ သုံးပွင့်ဆိုင်ကို လိုချင်တယ်။
ပြည်သူတွေက ပြည်တွင်းစစ်မရှိ၊ တည်ငြိမ် ထမင်းဝ/နိုင်ပြီး လုံခြုံရေး စိတ်ချတဲ့တိုင်းပြည်ကိုလိုချင်တယ်။
ခေတ်ပျက်သူဌေးကြီးတွေက သူတို့စည်းစိမ်တွေ ဆုံးရှုံးမှာကို မလိုလာဘူး။
ဒီအခြေအနေတွေက ဘက်တစ်ခုချင်းစီက လိုချင်တဲ့အခြေအနေ။
စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီပဲပေးမယ်
ဘယ်သူက ဘာပဲတောင်းတောင်း၊ ဘယ်လိုပြောပြော ဘယ်သူကိုမှ ဂရုမစိုက်လို့
၂၀၁၀-ရွေးကောက်ပွဲနဲ့ ကြံ့ဖွတ်ကိုနိုင်အောင်လုပ်ပေးခဲ့ပြီ။ ဒေါ်စုမကလို့
မြတ်စွာဘုရားပြောလည်း ဂရုစိုက်မှာမဟုတ်။
ဘယ်သူမှ လူမထင်လို့ ဒီလိုလုပ်နေတဲ့အခြေအနေကို ဘယ်လိုမျိုးခွင့်လွှတ်တာတို့၊
သင်ပုန်းချေတာတို့ သွားပြောနေအုံးမှာလဲ။ ပြောလည်းဂရုစိုက်တာမဟုတ်ဘူး။
ကိုယ့်ဘက်အခြမ်းက ပြောပါများတော့ င,ပေါကြီးပဲ ဖြစ်တော့တယ်။ ကိုယ့်အလုပ်သာ ကိုယ်လုပ်ကြပါ။
သူ့ထိုက်နဲ့ သူ့ ကံပေါ့
NLD နှင့် တိုင်းရင်းသားတွေက ပင်လုံညီလာခံလုပ်နေပြီ။ ဒါကို နှစ်ပွင့်ဆိုင်လို့ခေါ်တယ်။
တဘက်ကလည်း ဒေါ်စုက နအဖနဲ့ အမြဲတမ်း၊ ကြိုက်တဲ့အချိန်မှာ
တွေ့မယ်လို့ပြောပြီးပီ။ ည သန်းကောင်ယံလည်း တွေ့နိုင်တယ်။
အိပ်ရေးပျက်တာလောက်တော့ အပျော့ပေါ့..။ ဒါကိုလည်း တဘက်က တွေ့ဆုံရေးဖြစ်အောင်
လမ်းဖွင့်ပေးထားတယ့်သဘော။ နောက်ပြီး မိမိလုပ်စရာရှိတာကိုလုပ်နေတယ်။
စည်းရုံးတယ်။ လူထု/အင်အားယူနေတယ်။ အာ,ပေးနေတယ်။
အချုပ်ကတော့ ထောင်မဟုတ်ပါဘူး
နိဂုံးချုပ်ကတော့...အခု NLD နဲ့ တိုင်းရင်းသားတွေလုပ်နေတဲ့အလုပ်က
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို လက်တွေ့ကျကျ၊ Plan ရှိရှိ လုပ်နေပြီ။
ဘာဖြစ်လာမလဲဆိုတော့ စောင့်ကြည့်ကြပေါ့။ ကျနော်တော့ အဲဒိလိုမြင်တယ်။
အကြံပေးတာလည်းပေးတာပေါ့။ ရွှီးတာလည်း ရွှီးတာပေါ့။ မျက်လုံးစွပ်ပိတ်ပြီး
ကိုယ်ဖြစ်ချင်တာကို အတင်းလိုင်းတင်လို့  ရတာမဟုတ်။
နောက်ဆုံးတော့ ကုသိုလ်ကံကိုပဲ လွှဲချ/ရတော့မှာပဲ။ အချိန်တန်ရင်တော့ ရမှာပါ။
ဘယ်အရာမှ မမြဲဘူးလေ။ နအဖက သံတုံးကြီးမှမဟုတ်တာ။ သံတောင် သံချေးစားရင်
ဘယ်လောက်ခံလို့လဲ။ ဒီသဘောနဲ့ ကျနော့်စိတ်ကို ဖြေသိမ့်နေပါတော့တယ်။
သတ္တ၀ါတွေ ကျန်းမာချမ်းသာကြပါစေ။
ရေးသားသူ - ဘုန်းကျော်
17 November 2010
အမျိုးသားရင်ကြားစေ့ရေး စီမံကိန်း
Etiketter: သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment