ဟုတ် ခုလို ငြိမ်းချမ်းရေးဘလော့ကိုစာရေးခွင့်ရတဲ့အတွက် အရမ်းပဲကျေးဇူးတင်ရပါတယ် ကျနော့သဘောကတော့ ငြိမ်းချမ်းရေးလိုလားသူက လူ့အခွင့်အရေးကိုနားလယ်သူဖြစ်နေရမယ် ကုလသမဂ္ဂကတော့ လူ့အခွင့်ကြေညာစာတမ်းကိုထုတ်ပြန်ထားပါတယ် ကျနော်တို့မြန်မာပြည်မှာတော့ အဲ့ဒီလူ့အခွင့်အရေးကြေညာစာတမ်းကို အာဏာပိုင်အဖွဲ့ အစည်းကစပြီး မကျင့်သုံးပါဘူး အာဏာနဲနဲလေးရှိသူကလဲ အဲဒီအာဏာနဲနဲလေးကိုအသုံးချပြီး ပြည်သူကိုစော်ကားတာတွေရှိပါတယ်။
အာဏာအများကြီးရှိသူကလဲ ဒီအတိုင်းပါပဲ လုပ်ပိုင်ခွင့်နဲနဲလေးရှိလိုက်တာနဲ့ သူရတဲ့ လုပ်ပိုင်ခွင့်ကို လူ့အခွင့်အရေးကို ကျူးလွန်တော့တာပဲ၊ မြန်မာလူ့ဘောင်မှာတော့ ဗြဟ္မစိုရ် တရားတွေရှိပါတယ် မေတ္တာရယ် ကရုဏာရယ် မုဒိတာရယ် ဥပေက္ခာရယ်ဆိုပြီးတော့ လေးပါရှိပါတယ် အဲဒီလေးပါကို တွေးကြည့်ပါ တကယ့် လိုအပ်ပါတယ်။
တကယ့်တစိမ့်2တွေးကြည့်လေ ဘယ်လောက်နက်နဲလေဆိုတာ သူငယ်ချင်းတို့တွေးရပါမယ် ဒါမို့ ကျနော့်သဘောကတော့ အဲဒီဗြဟ္မစိုရ်တရားတွေကို လေ့လာပါ၊ လူတိုင်းလဲ ကျင့်သုံးပါ ဒါဆိုယင် လူတိုင်းအတွက် ငြိမ်းချမ်းရေးဆရာပေါ်လာပါမယ်၊ ဒါပေမဲ့ တစ်ခုပြောချင်တာက မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြဆိုတဲ့ အမေစုရဲ့စကားလေးကိုလဲ လေးစားရမယ်ဗျာ၊ ဒါပါပဲ သူငယ်ချင်းတို့
အရမ်းကောင်းတဲ့ စကားလေးပါအကို...
(မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ)...တော်တော်လေးကောင်းပါတယ်...
နိုင်ငံရေးလောကမှာတင်ရှိတာမဟုတ်ပါဘူး...
လုပ်ငန်းတွေမှာလည်းရှိပါတယ်...အထက်လူကအောက်လူတွေကို...
မတရားတဲ့ အမိန့် တွေပေးကြတယ်..အပြစ်တွေပေးကြတယ်...
အဲ့ လိုလူတွေဟာ..
သူတို့ ပြန်အပေးခံရမှာတော့တော်တော်ကြောက်ကြတယ်.. တရားသလား.ဗျ..........
သောကမောင်






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment