စစ်ပွဲဆိုတာကမ္ဘာပေါ်မှာမရှိသင့်ဆုံးအရာ
စစ်ပွဲမရှိခဲ့တဲ့ ငြိမ်းချမ်းရေးအရပ် မရှိသလို
စစ် ဆိုတာဖက်ဆစ် တစ်ဝက်တဲ့
စစ်ရဲ့ မဲနက်သောတောင်ပံမှာ
ရက်စက်မှုတွေရှိကောင်းရှိမယ်
ရက်စက်မှုတွေရှိကောင်းရှိမယ်
အဲဒီတောင်ပံရဲ့ အားမာန်တွေမှာ
ငြိမ်းချမ်းရေးရဲ့ အမြုတေ တွေရှိတယ်။
ငြိမ်းချမ်းရေးရဲ့ အမြုတေ တွေရှိတယ်။
ဖိနှိုပ်သူနဲ့ အဖိနှိုပ်ခံသူ
ကျူးကျော်စစ်နဲ့ ခုခံစစ်
တရားသောစစ်နဲ့ မတရားသောစစ်
သင်ဘယ်ဘက်က ရပ်တည်ဖြစ်မလဲ။
သူပုန်ဆိုတဲ့ဝေါဟာရ
ငါတို့အတွက် မြတ်တဲ့နာမ
မတရားတာကို ပြန်ခံချတာတဲ့
တိုက်ပွဲတစ်ပွဲရဲ့ မြင်ကွင်းကို
ထိုတိုက်ပွဲရဲ့ရည်ရွယ်ချက်နဲ့
တိုင်းတာမနှိုင်းယှဉ်သင့်ပါ။
တိုင်းတာမနှိုင်းယှဉ်သင့်ပါ။
တော်လှန်ရေးသမားဆိုတာ
လူထုနောက်မြီးဆွဲမဟုတ်
လူထုကိုဦးဆောင်တဲ့သူ
တွေဝေစရာမလို
နားယောင်စရာမလို
လုပ်စရာရှိတာလုပ်ရမယ်။
လုပ်စရာရှိတာလုပ်ရမယ်။
စစ်ပွဲတွေကြောင့်
ကမ္ဘာမြေ ပျက်ရင်ပျက်မယ်
ကမ္ဘာမြေ ပျက်ရင်ပျက်မယ်
ကရင်တွေရှိနေသေးရင်တော့
မူ လေးချက်ဟာ ရှိနေရဦးမယ်။
မတရားတာကို ခေါင်းငုံ့မခံတတ်တဲ့ ကရင်လူမျိုးတို့ရဲ့ ဗီဇသတ္တိကို အရောင်ပြန်တင်နိုင်ခဲ့တဲ့
ဗိုလ်မှူးချုပ် စောလားပွယ်နှင့်ရဲဘော်အပေါင်းအား ဒီကဗျာလေးနဲ့ဂုဏ်ပြုအပ်ပါတယ်။
သူရေ၀့်ဖါန်(သူရေ့ဖေါင်)
0 kommentarer:
Post a Comment