*****တချို့ လူတွေဟာ နိမ့်ကျလာပြီ ဆိုခါမှ ပိုပြီး အနိုင်ကျင့် ချင်ကြတယ်
သူငယ်ချင်းတို့ေ၇ အဲ့ဒါကို မြေနိမ့်ရာ လှံစိုက်တယ် ရေနစ်သူ ၀ါးကူ ထိုးတတ်ရယ်လို့ 
တင်စားပြီ ပြောဆိုတတ်ကြတယ် အဆင်းပါဆိုမှ တမင်သက်သက် ဘီးတပ် ပေးလိုက်
တတ်သူ တွေပေါ့ကွယ် အင်မတန် စက်ဆုတ် စရာ ကောင်းတဲ့ လူမျိုးတွေပေါ့ .....
*****လူဆိုတာမျိုးဟာ အားကိုး ရှာချင်တတ် ကြစမြဲပါ သူငယ်ချင်းတို့ ရယ် အထူးသဖြင့်
ဒုက္ခရောက်နေတဲ့ သူတွေက ပိုဆိုးတာပေါ့ ရေနစ်နေတဲ့ သူဆိုတာ မြက်ပင် ကလေးတောင်
မှ ကယ်တင်ရှင် ဖြစ်လိုဖြစ်ငြား ဆွဲထား မိတတ်ကြသေး တယ်လေ အဲ့ဒီလို အချိန်မှာ
ကူညီ စောင့်ရှောက် ပေးနိုင်ဖို့  သိပ်အရေးကြီးတယ် သူငယ်ချင်းတို့ ရေ အဲဒါမှ မြင့်မြတ်တဲ့
စိတ်ထားနဲ့  ကိုယ်ချင်းစာ အသိတရား ရှိသူတွေဖြစ်မှာပေါ့ သူ့ ခမျာ ရေနစ်နေပါတယ်ဆိုမှ
ဝါးနဲ့  ကူထိုးချတော့ ပိုနစ်သွားတော့မပေါ့ သူငယ်ချင်းတို့ ရေ ....
*****မြေနိမ့်ရာကို လှံစိုက်မှတော့ မြေက ပိုပြီးကျွံဝင် သွားပြီးပေါ့ အဆင်းကို ဘီးတပ်မှတော့
ပိုပြီးတော့ လိမ့်ဆင်း သွားတော့မပေါ့ ဒါဟာ မလိုတမာစိတ် ၊ မစ္ဆေရစိတ် ၊ မသမာတဲ့စိတ် ၊
နဲ့  မရိုးသား စိတ်ဆိုတဲ့ စိတ်ယုတ် စိတ်ပုပ်တွေရဲ့  လက္ခဏာပဲ သူငယ်ချင်းတို့ေ၇ ......
*****သူငယ်ချင်းတို့  စိတ်ထဲမှာ လုံးဝ မမွေးမြူမိပါစေနဲ့  ပေါ့ကွယ် သူတပါး ဒုက္ခရောက်
တာကို လက်ခုပ် လက်ဝါး တီးပြီး ရယ်မော နေတတ်သူမျိုး မဖြစ်မိပါစေနဲ့  ဖေးကူထူမပါ
သူငယ်ချင်းတို့  လဲနေသူက ထူးပေးပါ ဘေးက မလှောင်ပြောင်ပါနဲ့  သူတစ်ပါး ဒုက္ခရောက်
တော့မယ့် အရေးကို ကြိုမြင်ရင်လည်း ကြိုတင်တားဆီးပါ ဒါဟာ လိမ္မာယဉ်ကျေးတဲ့
သိက္ခာရှိတဲ့ လူ့ ကျင့်ဝတ် တစ်မျိုးဖြစ်တာပေါ့......
*****သူတစ်ပါးရဲ့  ပျော့ကွက်ကို နင်းပြီး သူတစ်ပါးရဲ့ အားနည်းချက်ကို ဖိပြီး သူတစ်ပါးရဲ့ 
ရိုးသားမှုကို ခုတုံးလုပ်ပြီး သူတစ်ပါးရဲ့ ယုံကြည်မှုကို အလွဲသုံးစားပြုပြီး ဘယ်သောအခါမှ
အနိုင်မယူချင်ပါနဲ့  သတိထားဆင်ခြင်ပါ သူငယ်ချင်းတို့ ရေ....
လူတစ်ယောက်ရဲ့  ဘဝ
ကောင်းခြင်း မကောင်းခြင်း
ဟာ သူရဲ့  စိတ်နဲ့ 
ကိုယ်ကျင့် တရား
ပေါ်မှာ ရပ်တည်တယ်
အခြား ဘာဆိုတာနဲ့ မှ
ပတ်သက်စရာ မရှိဘူး
ကိုယ်ကျင့် တရားကောင်းကို
ဘယ်ကုသိုလ် ကောင်းမှု
ကမှ လိုက်မမီဘူး.....သူငယ်ချင်းတိုရေ...
24 October 2010
မြေနိမ့်ရာ * လှံစိုက်
Etiketter: စကားပုံ
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment