*****အရေးတကြီး ဆင်ခြင်သင့်တဲ့ စကားပုံလေး တစ်ခုဆိုတာပါပဲ သူငယ်ချင်းတို့ ရေ....
"ဘုရားမှတ်လို့ ကိုးကွယ်မိပါတယ် ဖွတ်ထွက်မှ တောင်ပို့ မှန်းသိတယ်" လို့ ပြောတတ်ကြ
တာတို့  ကြားဖူး ကြမယ်လို့  ထင်ပါတယ် တောင်ပို့  တစ်ခုကို ဘုရားဆင်တု ထင်ပြီး
လေးလေး စားစား ကိုးကွယ် ကြည်ညို နေလိုက်တာ တောင်ပို့ ကြီးထဲက ဖွတ်သတ္တ၀ါ
ထွက်လာမှပဲ မှားမှန် သိတော့တဲ့ သင်ခန်းစာ စကားပုံလေပါပဲ သူငယ်ချင်းတို့ ရေ....
*****အဓိပ္ပါယ်ကတော့ ဘယ်သူ့ ကိုမှ မစူးစမ်း မလေ့လာဘဲ အထင် မကြီးကြဖို့ ပေါ့
တချို့ လူတွေဟာ ကိုယ်မှာ ဘာအရည်အချင်းမှ မရှိဘဲ လူအထင် ကြီးအောင် ဟိတ်နဲ့ 
ဟန်နဲ့  နေပြတတ်ကြတယ် အတုအပတွေ ၊ မုသားစကားအလှတွေနဲ့  တန်ဆာဆင်
ထားတတ်ကြတယ် ဒါကို ယုံကြည် ကိုးစားမိတဲ့ သူတွေခမျာ သူ့ ရဲ့ ပရိယာယ် ကွန်
ကရက်မှာ အမိခံရ တော့တာပေါ့ကွယ် ....
*****လောကကြီးမှာ အဲ့ဒီလို လိမ်ညာ စားနေတဲ့ သူတွေ အများကြီး ရှိတယ် သူငယ်ချင်း
တို့ ရေ အဲ့ဒီလိုလူမျိုးတွေမှာ ထူးထူးခြားခြား စာတမ်း ကပ်ထားလေ့ မရှိတာမို့  အလွယ်
တကူ သိရှိနိုင်ဖို့  ဆိုတာ ခဲယဉ်းတယ် ကိုယ်က သူတော်ကောင်း ဆိုပြီး ဆည်းကပ်
နေရာက သူအကျင့် သိက္ခာမဲ့ ပြုမှပဲ မသူတော်မှန်း သိရတော့တယ် ဆိုတာ မျိုးလေးပေါ့
သူငယ်ချင်းတို့ ......
*****ဒါပေမဲ့ ဖူး တခုတော့ အကြံပေးပါရစေ လူတစ်ယောက်ကို သူငယ်ချင်းတို့ စတင်
ပေါင်းသင်း ရင်းနှီးတော့မယ် ဆိုရင်တော့ သူ့ ကို အားကိုး အားထား ပြုတော့မယ်ဆိုရင်
သူ့ အကြောင်းကို အရင်လေ့လာကြပါ လူအကြောင်း ပေါင်းမှသိ ရတတ်တယ်လို့  ဆိုကြ
ပေမယ့် လူသတင်း လူချင်းဆောင် တတ်ကြပါတယ် သူ့ ပါတ်ဝန်းကျင်မှာ သူ့ အကြောင်း
အရင်စူးစမ်းကြည့်ပါဦး နာမည်ကောင်းဆိုတာ သတင်းမွှေးသလို နာမည်ဆိုးဆိုတာလည်း
အပုပ်နံ့  ထွက်လာ တတ်ပါတယ် စိတ်ချရတယ်ဆိုတဲ့ ခိုင်လုံသော အထောက်အထား
မရဘဲနဲ့  လူတစ်ယောက်အပေါ် ယုံကြည်မှုတွေ ပုံမအပ် မိကြစေနဲ့ သူငယ်ချင်းတို့ ရေ...
.....
*****နောက်တစ်ခုကတော့ လူတွေဆိုတာ မလိုရင် မလိုသလို ပြောတတ် ကြတာကို
လည်း သတိထားရမယ် သူ့ နဲ့ မတည့်တာနဲ့ ပဲ အဲ့ဒီလူကို အပုပ်ချတာမျိုးဆိုရင်တော့
ဒီအဖြေက ဘယ်မှန်ပါ့မလဲကွယ် ဒီတော့ လူတစ်ယောက်အကြောင်းကို စူးစမ်းလေ့
လာတဲ့အခါမှာ တစ်ယောက်တည်းက ပြောတဲ့စကားကို အတည်း မယူဖို့ လည်း
လိုသေးတယ်နော်....
*****ဖွတ်မရှိတဲ့ ဘုရားကုန်းကို တောင်ပို့ လို့  ထင်မိပြီး စော်ကားမိရင် သူငယ်ချင်းတို့ 
အမှား ဖြစ်သွားမယ်နော် ဒါကြောင့် အပြန် အလှန် ဆင်ခြင် သတိနဲ့ လေ့လာတတ်ဖို့ 
လိုတယ် ဆိုတာ ဖူး အသိလေးတော့ ပေးလိုက်ပါတယ် သူငယ်ချင်းတို့ ရေ........
စကားနဲ့  လူ
တစ်ဦးနဲ့ တစ်ဦး
တစ်နိုင်ငံနဲ့  တစ်နိုင်ငံ
ကူညီ နိုင်သလို
စကားနဲ့  ပဲ
ဖျက်ဆီး ပစ်နိုင်
လူကို သတ်နိုင် တယ်ဆိုတာ
နားလည်း သဘော ပေါက်ထားဖို့  လိုတယ်နော်....
သူငယ်ချင်း အားလုံး ပျော်ရွှင်ကြပါစေလို့ ...ဆန္ဒပြုရင်..........ဖူး
24 October 2010
ဖွတ်ထွက်မှ တောင်ပို့  မှန်းသိတယ်
Etiketter: စကားပုံ
Subscribe to:
Post Comments (Atom)
0 kommentarer:
Post a Comment