သူငယ်ချင်းတို့ ရေ.... သိပြီးသာတွေရှိကြသလို မသိတဲ့သူတွေလဲရှိကြမှာပါ...
ဖူးဒီနေ့ ရေးသာမှာကတော့*** နွားကွဲတော့ * ကျားဆွဲ ***ဆိုတဲ့စကားပုံပါပဲရှင်
*****သူငယ်ချင်းတို့ ကို ဖူးဒီနေ့  ပြောမဲ့စကားပုံက သူငယ်ချင်းတို့ တွေ ကြားဖူးနားဝ ရှိကြမယ်လို့ 
ဖူးထင်ပါတယ် သူ့ စကားပုံလေးရဲ့ အဓိပ္ပါယ်က သူငယ်ချင်းတွေအတွက် ဘာမှအရေးမပါဘူးလို့ 
မပြောလိုက်ပါနဲ့  စည်းလုံးခြင်းသည် အင်အားကို ဖော်ဆောင်ထားတဲ့ သဘောလို့  သူငယ်ချင်း
တို့  နားလည်းထားရမယ်...
*****ပြေနေတဲ့ ထင်းချောင်းတွေကို တစ်ချောင်းချင်း ချိုးယူဖို့ လွယ်ကူပေမဲ့ ထင်းအစည်းလိုက်
ကိုတော့ မချိုးနိုင်ဘူးဆိုတာတဲ့ သဘောကိုသူငယ်ချင်းတို့ သိကြလိမ့်မယ် အုပ်စုလိုက်ရှိနေရာက
ကွဲထွက်သွား နွားကို ကျားက အလွယ်တကူ ကိုက်ဆွဲ လိုက်မယ်ဆိုတာ သူငယ်ချင်းတို့ သိမှာပါ...
*****လူဆိုတာ မွေးလာကထဲက တစ်ယောက်တည်း ပြန်ထွက်သွားရင်လည်း တစ်ယောက်
တည်းပါပဲဒါပေမဲ့ လူ့ လောကလူ့ ဘ၀ထဲကို ရောက်လာတဲ့ အခါမှာတော့ တစ်ဦးတယောက်
တည်းနေလို့  မရနိုင်တော့ဘူး သူငယ်ချင်းတို့  လူ့ ပတ်ဝန်းကျင်ဆိုတာ ရှိလာပြီးလေ
ဆွေမျိုး သားချင်းဆိုတာ ရှိလာပြီ ဒီတော့ ကိုယ့် အသိုင်း အ၀ိုင်းနဲ့ ကိုယ် စည်းလုံးညီညွတ်
စွာ နေထိုင်တတ်ဖို့  လိုအပ် လာတာပေါ့...
*****တစ်ကိုယ်ကောင်းသမား ၊တစ်ယူတန်သမား ၊တစ်ဇောက်ကန်းသမား ၊တွေမဖြစ်ကြစေနဲ့ သူငယ်
ချင်းတို့ ရေ အများနဲ့  လိုက်လျော ညီထွေ နေတတ်ပါစေ အများအကျိုး ဆောင်ရွက်တတ်ကြပါစေ
ကိုယ်တိုင်ဒုက္ခတွေ့ လာရင်လည်း ကူညီမယ့်သူ ပေါ်လာလိမ့်မယ် မယုံမရှိနဲ့ နော် သူငယ်ချင်တို့ ....
တစ်ချိန်က ရတနာပုံနေပြည်တော်ထဲမှာ မင်းညီမင်းသားတွေ အချင်းချင်း မညီမညွတ်ဖြစ်ခဲ့တဲ့အတွက် ကိုယ့်တိုင်းကိုယ့်ပြည် ကျွန်းဘ၀ ရောက်ခဲ့ရတယ် ဘုရင်သီပေါမင်းကိုလည်း ကြက်ကလေး ငှက်ကလေး
ဖမ်းသလို ဖမ်းခေါ် သွားခဲ့ကြတယ်ဆိုတာ သူငယ်ချင်းတို့  ကြားဖူးကြမယ်လို့  ဖူးထင်ပါတယ်....
*****နှမ်းတစ်လုံးနဲ့  ဆီမဖြစ်ဘူးဆိုတာနဲ့  သိမ့်မကွာလှပါဘူးကွယ် စည်းလုံး ညီညာ အောင်ကြောင်း
ဖြာဆိုတဲ့ သဘောပါပဲ သူငယ်ချင်းတို့  ဆင်ခြင်ဖို့ ကတော့ ကိုယ့်ကိုကိုယ် အထင်ကြီး ကိုယ့်စိတ်ကို
ခိုင်ပါတယ်လို့  တစ်ထစ်ချ မယူဆဖို့ ပါ ကျောက်ဆောင်ကြီးတွေတောင်မှ ရေတိုက်စားဖန်များရင် ပဲ့တတ်သေးတယ်နော် မကောင်းမှု့ ကိုမြင်ရင် အတတ်သင် ကောင်းကြတယ်လေ..
*****အကိုတို့ ရေ.......ဖူး နောက်ဆုံး ပြောချင်တာတော့ အကိုတို့  တွေလည်း ကိုယ့်ရဲ့ ဘဝ
လေးတွေ ကိုယ့်ရဲ့  တိုင်ပြည်ကို ချစ်မြတ်နိုးကြပါ ကွဲမသွားအောင်တော့ ညီညွတ်ကြပါ ကွဲသွားတာနဲ့ 
အမျှ ဆွဲမဲ့သူတွေရှိ နေကြတယ် ဆိုတာလည်း မမေ့ကြပါနဲ့  ကွဲသွားတာနဲ့  နွားကလေးတွေလို ကျား
အဆွဲခံရမယ်နော်.....
24 October 2010
နွားကွဲတော့ * ကျားဆွဲ
Etiketter: စကားပုံ
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment