Freedom News Group မှကူးယူတင်ပြသည်။

တစ်နာရီ လေတိုက်နှုန်း မိုင် ၁၅၀ ခန့် ရှိသည့် ဂီရိ မုန်တိုင်းကြောင့် ရခိုင် ပြည်နယ်တွင် တံတား ကျိုး မြေပြိုမှု များ ဖြစ်ပွားလျှက် ရှိသည်။ဓာတ်ပုံ -
Colorado State University
Colorado State University
ကာကွယ်ရေး ၀န်ကြီးဌာန မှ အကြီး တန်း အရာ ရှိ တစ်ဦး က FNG သို့ အတည်ပြု ပြောကြားသည်။ သူက ဆက်လက်
ပြီး အခု ကူညီ ကယ်ဆယ်ရေး ၀န်ထမ်း တွေ ချက်ခြင်း လွှတ်နေပါပြီ လေကြောင်း၊ရေကြောင်း ၊ကြည်းကြောင်း နဲ့ ပါ
ဟု ပြောသည်။ ကျောက်ဖြူ မြို့ တွင် ကမ်းရိုး တမ်းသုံး 450 MHZ ဖုန်းများ ရှိသော် လည်း FNG မှ ခေါ် ဆိုမရ နိုင်ပါ။
ကျောက်ဖြူ တစ်မြို့ လုံး နီးပါး ပျက်စီးဆုံးရှုံး မှု ရှိသည် ဆိုသည် ကို လည်း မှိုင်းရာ ပြည့် ကျောင်းသား ဟောင်း
တစ်ဦး ဖြစ်သူ မန္တလေး မြို့ တွင် နေထိုင် သည့် ဦးအောင်စေရာပြည့် က အတည် ပြု ပြောဆို သည်။ရန် ကုန် မြို့ ရှိ ကျောက်ဖြူ မြို့ နယ် အသင်းမှ တာဝန်ရှိ သူ တစ်ဦး အား FNG မှ ဆက်သွယ်မေးမြန်း ရာတွင်
အရေး ပေါ် အကူအညီ လိုအပ် ပြီး စိုက်ပျိုး သီးနှံ နှင့် ရေ လုပ်ငန်း များ စားနပ် ရိက္ခာ ဂို ဒေါင်များ ပါ ပျက်စီး
သွား သည် ဟု ပြောသည်။
သူက ” ဒီနေ့  ၁၂ နာရီမှာ မိုး က ရွာနေဆဲပဲ တစ်နေ့ လုံး ရေတက်နေတယ် ၊တစ်မြို့ လုံးပဲ အိမ်တွေ ၊ကျောင်း
တွေ အကုန် လုံး အမိုး လန် တယ်။ ဘယ်သူ မှ ဘယ်သူ့ ကို မကယ် နိုင် ဘူး အဆိုး ဆုံးက လှေ တွေ ရေထဲ
မျောပါ သွား လို့  ဘာမှ မလုပ် နိုင် ဘူး ၊ အနီး က ကျေးရွာ တွေ တော့ အဆက်အသွယ် လုံးဝ မရ ဘူး
သေလား ရှင် လား ဆိုတာ တောင် မသိဘူး ဖြစ်နေတယ် ဟု ပြောသည်။
ကျောက်ဖြူ မြို့ မြစ်နား တန်း ရပ်ကွက် တွင် အုန်းပင် နှင့် အခြား သစ်ပင် များ ပြိလဲ မှု ကြောင့် ၂ ဦး
သေဆုံးပြီး ၊အစိုးရ ရပ်ကွက် တွင် တစ်ဦး သေဆုံးသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment