ဘယ်လိုတွေဘာတွေဖြစ်ကုန်ကြတာလဲ ကျမတို့ နိုင်ငံကံကြမ္မာကလည်း ဘယ်လိုကြီးလဲ
ဘယ်လိုပြောပြရမှာလဲ တခြားလူတွေနိုင်ငံသားတွေကို ကျမတို့ နိင်ငံအကြောင်းကြွားချင်ပါတယ်ပြောချင်ပါတယ်ဆိုရင်တောင် ပြောဖို့ တောင်ခွန်အားမရှိပါလား
အင်မတန်လှပပါတယ်ဆိုတဲ့ နိုင်ငံမြေပုံနဲ့ အေးချမ်းစွာနေထိုင်နေကြတဲ့ တိုင်းသူပြည်သားတွေလည်း အမဲလိုက်ခံသတ္တ၀ါလိုပါပဲလား
သူတို့ တွေဟာတိရိစ္ဆာန်တွေထက် မြင့်တဲ့ ကျမတို့ လို့ လူသားတွေပါပဲ၊ ဘာကြောင့် ကျမတို့ တွေအေးချမ်းနေနိုင်ပြီမှ သူတို့ 
ကဘာလို့ အေးချမ်းစွာမနေနိုင်ရတာလဲ၊ မြန်မာနိင်ငံ အရှေ့ခြမ်းတစ်ခုလုံး ယမ်းငွေ့ တွေ၊ကျည်ဆံခွံ တွေနဲ့ယဉ်ပါးလာတာ
ရာစုနှစ်တစ်ဝက်တောင်ကျော်သွားပါပြီ ၊ မွေးကတည်းကစစ်ပြေးပြေးနေရတာလည်း သေတဲ့အထိပြေးနေရတုန်းပါပဲလား၊
အေးချမ်းစွာနေထိုင်လိုတဲ့ စိတ်ထားမျှော်လင့်ချက်တစ်ခုတည်းနဲ့ သူတို့ တွေ စောင့်နေရတာလည်းသားစဉ်မြေးဆက် တစ်ဆက်ကုန်
လုနေပြီ အခုထိလွတ်လပ်အေးချမ်းစွာ မနေရသေးပါလား ၊ သူတို့ ရဲ့ ဆုတောင်းသံကို ဘုရားသခင်က ဥပေက္ခာပြုထားတာလား။
ပွင့်လင်းရာသီရောက်ပြီဆိုတာ နဲ့ သူတို့ မှာ အချိန်မေ၇ွးထသွားနိုင်အောင်ပြေးနိုင်အေင်စီစဉ်နေရတုန်းပါလား ၊ လုံခြုံမှုမရှိတဲ့ နယ်မြေမှာ လုံခြုံမှုမပေးနိုင်တဲ့ အုပ်ချုပ်သူတို့ ကြောင့်သူတို့ ခမျာ အိပ်ရင်တောင် အသက်ဖြောင့်ဖြောင့်မရှုနိုင်ကြပါဘူး၊ ပြီးတော့မိမိရင်သွေးငယ်တွေအတွက်လည်း ပန်းကောင်းအညွန့်ချိုးပြီးသားဖြစ်နေသလိုပဲ ကလေးငယ်တွေအတွက် ပညာသင်ဖို့ နေနေသာ သူတို့ မှာစစ်ဘေးစစ်ဒက်ကြောင့်နဲ့ ပဲ ပြေးလွှားပုန်းရှောင်နေရင်း အချိန်ကုန်လွန်သွားကြရတယ်။
ရာစုနှစ်တစ်ဝက်ကျော်ကျော်စစ်ဘေးတွေကြောင့် ခြေပြတ်လက်ပြတ်နဲ့ မျက်မမြင် ဒုက္ခသည်များမှာလည်း ထောင်သောင်းချီခဲ့ ပါပြီ၊ တောထဲမှာနေ စစ်ဘေးကြောက်ရနဲ့  ကုသလျှင်ပျောက်နိုင်ပါလျက်နဲ့  ဆေးကုခွင့်မ၇ပဲ သေဆုံးသွားတဲ့လူမမယ်ပေါင်းများစွာ အသက်ပေါင်းများစွာပါပဲ ၊တောထဲတောင်ထဲ ပြေးလွှားပုန်းရှောင်နေကြရင် မိမိအသက်တစ်ချောင်းမဆုံး၇လေအောင် သူတို့ တွေကြိုပမ်းနေကြရတာသနားစရာစိတ်မကောင်းစရာပါပဲ။
ဒါပေမဲ့ တစ်နေ့တစ်ဝမ်းခါအတွက် စားရရင်ကိုကျေနပ်နေကြတဲ့ သူတို့ မျက်နှာတွေက
ငြိမ်းချမ်းခြင်းကိုလိုလားနေကြပါတယ် ၊စောင့်မျှော်နေကြပါတယ် ၊တောထဲတောင်ထဲ ပြေးလွှားပုန်းရှောင်နေတဲ့ ကလေးတွေတောင်
အားလပ်ချိန်ခနတာလေးမှာတောင် သူတို့ တွေလွတ်လွတ်လပ်လပ် ပျော်ရွင်ဆော့ကစားနေတာကိုက သူတို့ မှာခွန်အားရှိနေတယ်
ဆိုတာကို ပြသနေတာပဲ ၊အဲလို့ လွတ်လပ်ခွင့်တွေမရှုံဆုံးရအောင် သူတို့ နေနိုင်ရင်ကောင်းမှာပဲလို့ အခါခါတွေးမိတိုင်းသူတိုအတွက်
စိတ်မကောင်းဖြစ်ရတယ်၊ အခုဆို ကျမတို့ တစ်တွေနိုင်ငံတကာမှာလည်းပြန့်နှံ့ စွာနေထိုင်ကြပါတယ် ၊တစ်ယောက်နဲ့ တစ်ယောက်စကားပြော ကင်မရာပေါ်မှာသာတွေ့ နိုင်ကြတာပါ ၊ ဒါပေမဲ့ ကျမတို့ တစ်တွေရဲ့ စကားထဲမှာတော့ တစ်နေ့ ငြိမ်းချမ်း
တဲ့အခါ ပြန်လည်ဆုံတွေ့ ကြမယ်လို့ အမြဲတမ်းမျှော်လင့်ပြောဆိုနေကြပါတယ် ။။
ကျမတို့  ကရင်အမျိုးသားအပေါင်းတို့ အတွက်ပြောနေတာပါ ၊ ကမ္ဘာပေါ်မှာ အိုးမဲ့အိမ်မဲ့ နေကြ၇တဲ့ ကျမလူမျိုးတွေကိုတွေ၇တာ အင်မတန်ဝမ်းနည်းစရာကောင်းနေပါတယ် ၊ဒါပေမဲ့ ချမ်းသာခြင်း ဆင်းရဲခြင်းချိန်ခွင်တွေက အင်မတန်မှ အားမမျှခဲ့ ပါဘူး၊ ပြည်သူပြည်သားဆိုတာ အုပ်ချုပ်သူတို့ အောက်က အရုပ်လိုပါပဲ ၊ သူတို့ မှာလက်နက်မရှိပါဘူး
၊ ၇န်လိုတဲ့ စိတ်မရှိပါဘူး အေးချမ်းစွာနေလို တဲ့ စိတ်ပဲရှိပါတယ် ၊ ဒုက္ခသည်စခန်းမှ အင်တာဗျူးတစ်ခုထဲမှာလည်း ပညာမတတ်လယ်တောသား ဦးလေးတစ်ဦးကပြောပြခဲ့ ပါတယ် ၊ ကိုယ့်မြေကိုယ့်ရွာမှမဟုတ်ပဲ အချိန်တန်ရင်ပြန်ရမှာပေါ့လို့ ပြောတယ်၊ အော်သနားစရာကောင်းလိုက်တာ သူတို့ နေရာဟောင်းကိုပြန်ခဲ့မယ်ဆိုရင်တောင် သူညကနေစကြ၇မှာပဲ ၊ဒါတောင် လုံခြုံမှုဆိုတာ အာမခံချက်မရှိသေးပါဘူး၊ အခွန်ဆိုတာလည်း ကင်းလွတ်ခွင့် ရအုံးမှာမဟုတ်ဘူး ၊သားသမီးပညာရေးအလှမ်းဝေးနေဆဲပါပဲ။ ၊
ပြန်သွားရင် တောထဲတောင်ထဲ ပြေလွားပုန်းရှောင်နေရအုံးမှာလားမိုင်းနင်းမိအုံးမှာလားဆိုတာ သူတို့ အတွက်ရင်တထိတ်ထိတ်ပါပဲ
ကောင်းစားသွားကြတဲ့ လူတွေကိုလည်းတွေဖူးကြမှာပါ ၊ပေါလွန်းလွန်းလို့ ကိုအိမ်ဆောက်တိုက်ဆောက်သုံးဖြုန်းနေကြတာ
ဝမ်းသာပါတယ် ကျမလူမျိုးတွေကောင်းစားတာကိုမြင်၇တော့ ၊ ဒါပေမဲ့ ကောင်းစားတာထက် ဆင်းရဲ့တာကိုပိုတွေ့ နေရတော့
ပိုပြီးဝမ်းနည်းမိတယ်၊ ဒီကြားထဲမှာ ကရင်ပြည်သူသားတွေကို ဦးဆောင်အုပ်ချုပ်မဲ့ ခေါင်းဆောင်အဖွဲ့ အစည်းတွေကလည်း တစ်ကိုယ်ကောင်းဆန်လေတော့ကျမတို့ ပြည်သူတွေလည်းတောထဲမှာ တ၀ဲဝဲလည်နေကြရတုန်းပါပဲ။
ဒါပေမဲ့ တစ်ခုတော့မှတ်ထားပေးပါ ဘာမှမလုပ်ပဲနဲ့ ထမင်းစားလို့ ရတဲ့ အိမ်ဟာ အမေအိမ်ပဲရှိတယ် ဆိုတာဘယ်သောအခါမှမမေ့
လေနဲ့ ၊ ကျန်တဲ့ နေရာမှာဘာတစ်ခုမှ အလကားစားလို့ မရပါဘူး ၊ သူ့ တန်ရာတန်ကြေးတော့ရှိကြတာချည်းပါပဲ ၊ ဘယ်သူမှ
အလကားမပေးပါဘူး ၊ အခုလည်း BGF အမည်ခံတွေ စားလို့ ကောင်းတုန်းစားထားပါ ၊ ၀အောင်စားထားပါ သေဖို့ ရာနိဂုံးချုပ်ဖို့ ရာမဝေးတော့ပါဘူး၊ တစ်ခါစားတစ်နပ်စား အကြံနဲ့ ပြည်သူကိုပစ်ပြီးတစ်ကိုယ်ကောင်းဆန်တဲ့ အတွက်လူမျိုးခြားက အလွတ်ပေးမှာမဟုတ်ပါ၊ ကြက်ကန်းဆန်အိုးတိုးလို့ စားရစေအုံးတော့ ခွေးရူးကောင်းစားတစ်မွန်းတည့်ပါပဲ။
အခုကောင်းစားတုန်းစားနေရတာတွေစာပြည်သူတွေရဲ့ မျက်ရည်တွေပါ။ လူမျိုးခြားက ပြည်သူတွေရဲ့ မျက်၇ည်ကို အတင်းအဓမ္မယူပြီး သင်တို့ စားဖို့အတွက်ပေးထားတာပါ ။သူတို့ အိတ်ထဲကစိုက်ထုတ်တာဘာမှမရှိပါဘူး ၊ သင်တို့ ကောင်းစားနေပေမဲ တောထဲတောင်ထဲမှာငတ်ပြတ်နေတဲ့ ပြည်သူတွေရဲ့ မျက်နှာကိုတစ်ချကလောက်ပြန်လည်ငဲ့ကြည့်သင့်ပါပြီ
သူတို့ တွေငြိမ်းချမ်းစွာ လွတ်လပ်စွာနေချင်ကြပါတယ်။ အဲဒီမျှော်လင့်ချက်နဲ့ အသက်ရှင်နေကြပါတယ် ၊ကလေးတွေလည်း
ပညာသင်ချင်နေကြပါတယ် သင်တို့ အဲဒီနေရာကနေလုပ်နိုင်ကြပါသလား။
ငြိမ်းချမ်းရေးအတွက်ဆိုပြီး လက်နက်အပ်လူမျိုးပါအ၀ါးမျိုခံဖို့ ပြောနေတာမဟုတ်ပါဘူး ၊ ပြည်သူတွေကတော့ ကိုယ့်လူမျိုးခေါင်း
ဆောင်ကိုပဲ ပိုအလို၇ှိကြပါတယ် ၊
သူတို့ အခြေအနေအရ တောထဲတောင်ထဲပုန်းခိုနေ၇ပေမဲ့ ၊ငတ်ပြတ်နေပေမဲ့ ၊အစားဆင်းရဲ ၊အနေဆင်းရဲ နေပေမဲ့ သူတို့ စိတ်နှ
လုံးထဲမှာတော့ အရမ်းကိုပြင်းပြတောင်းတနေတဲ့ ဆန္ဒ တစ်ခုပဲ၇ှိပါတယ် ၊အဲဒါကဘာလဲဆိုတော့ သူတို့ ကိုယ်ပိုင်နယ်မြေတွေမှာ
ငြိမ်းချမ်းစွာလွတ်လပ်စွာနဲ့ အေးချမ်းစွာ လုပ်ကိုင်စားသောက်လိုခြင်းပါပဲ။
23 October 2010
ငြိမ်းချမ်းချင်တယ်
Etiketter: ရင်တွင်းခံစားချက်
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment