သူငယ်ချင်းတို့ ရေ....ရင့်ကျက် တည်ငြိမ်ခြင်းရဲ့ သဘာဝတရားကို နားလည်
အောင် ကြိုးစားထားကြဖို့ လိုအပ်တယ် သူငယ်ချင်းတို့ ....
လူဆိုတာ စိတ်နဲ့ ကိုယ် တစ်သားတည်း ကျနေလို့ မဖြစ်ဘူး စိတ်လိုက်မာန်ပါ
လုပ်လိုက်ရင် အမှားတွေ့ တတ်တယ် စိတ်ကို ထိန်းချုပ်ရမယ် စိတ်ကို ထိန်းနိုင်
ခြင်းဟာ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စေတယ်.......
*****ပညာရှိအမျက် အပြင်မထွက်တဲ့နော် ပညာရှိဆိုတာ ဆင်ခြင်တုံတရား
ရှိသူတွေကို ဆိုလိုတယ် စိတ်အဆင့်အတန်း မြင့်မားတဲ့ သူတွေ ပေါ့ကွယ်
ပညာရှိဟာ ဒေါသကို မျိုသိပ် ထားတတ်ကြ သူတွေဖြစ်တယ်........
*****ဒါပေမဲ့ သူငယ်ချင်းတို့ ရေ မျိုသိပ်ထားတယ် ဆိုတာဟာ ရေရှည် အနေနဲ့ 
မကောင်းတဲ့ အကျင့်တစ်မျိုးပါ မျိုသိပ်ဖန်များလို့ တင်းကျပ် ပေါက်ကွဲ ထွက်သွား
ရင် အခံရ အဆိုးဆုံးပဲ ဒီတော့ မျိုသိပ် ထိန်းချုပ်ထားရင်နဲ့ ချေဖျက် ဖျောက်ဖျက်
ပစ်လိုက်နိုင်ဖို့  လိုတယ် အဲ့ဒီ အမျက် ဒေါသကို အာဃာတအသွင် ကူးပြောင်းပြီး
သွေးအေးအေးနဲ့  တုံ့ ပြန်တတ်သူ မဖြစ်ဖို့ သိပ်အရေးကြီးတယ် သူငယ်ချင်းတို့ ရေ.......
*****လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေမို့  လူတွေရဲ့  စိတ်တွေကို နားလည်
ဖို့  မလွယ်လှဘူး အပြင်ပန်းပုံ သဏ္ဌာန်ကို ကြည့်ပြီးဆုံးဖြတ်လို့  လည်းမရဘူး ဟန်
ဆောင်တတ် သူတွေဟာ ပိုပြီး ကြောက်စရာ ကောင်းတယ် သူငယ်ချင်းတို့ ရေ
သူတိုဟာ ရိုးသားမူ အတုတွေနဲ့  မျက်နှာဖုံး စွပ်ထား တတ်ကြတယ် အပြင်ကို
ထွက်မလာတဲ့ ဒေါသဟာ သူတို့ ကိုယ်တွင်းမှာ တောက်လောင်နေတဲ့ မီးတောက်
တွေ ဖြစ်နေတတ်ကြတယ်......
*****ဒီတော့ သူငယ်ချင်းတို့ အနေနဲ့  လူတွေကို သတိထားပြီး ဆက်ဆံပါ သူတပါး
ကို အမျက်ထွက်ရမယ့် အကြောင်း ကိစ္စတွေကို ဆင်ခြင်ပါ လူတိုင်းဟာ အလကား
နေရင် ဒေါသထွက် မနေပါဘူး ဒေါသကို ဆွမပေးကြဖို့  သတိထားကြပါ ချစ်စကို
ရှည်ပါစေ မုန်းစကို တိုပါစေ သူငယ်ချင်းတို့ ကိုယ်တိုင်လည်း ဒေါသနဲ့  ကြုံတွေ့ 
လာတဲ့အခါ ကိုယ်ချင်းစာ စိတ်နဲ့  ခွင့်လွတ် နားလည်တဲ့ အကျင့်ကို မွေးယူပါ.......
*****ဒေါသဟာ အမှားကို ဖြစ်စေပါတယ် သူ့ ကို နှလုံးသားနဲ့  ဦးနှောက်ထဲမှာ
အလေးအပင် ခံပြီး မွေးမထားပါနဲ့  အပြင်ကိုလည်း လွှင့်ထုတ် မပစ်ပါနဲ့  ဒေါသကို
သတ်နိုင်တဲ့  အကျင့်မွေးထားပါ ဒေါသကို သတ်နိုင်သူဟာ လူတော် လူကောင်း
တစ်ယောက် ဖြစ်တယ်ဆိုတာ သူငယ်ချင်းတို့  အားလုံး သိရှိ နိုင်ကြလိမ့်မယ်လို့ 
ဖူး ထင်ပါတယ်......
သူငယ်ချင်းတို့ အတွက် ဒေါသ ထိန်းချုပ် နည်းလေးပါ...
၁ ။ဒေါသဖြစ်ချိန်မှာ ဘာမှမလုပ်နဲ့  ၊
၂ ။တစ်မှ တစ်ဆယ် တစ်ရာ တစ်သောင်း အထိ ရေတွက်လိုက်ပါ ၊
၃ ။သမထ နည်းနဲ့  ဒေါသထိန်း ပါ ၊
၎ ။ရန်စသူကို ကိုယ်ချင်းစာပါ ၊
၅ ။ရယ်မောပစ်ရင် ဒေါသချုပ်တယ် ၊
၆ ။ထုတ်ဖော် ပြောမှုက ဒေါသ လျော့မသွားပါ ၊
၇ ။အော်ဟစ်ခြင်းကလည်း ဒေါသ နည်းမသွားဘူး ၊
လို့  ဆိုတယ် သူငယ်ချင်းတို့ ရေ....
24 October 2010
*** ပညာရှိအမျက် * အပြင်မထွက် **
Etiketter: စကားပုံ
Subscribe to:
Post Comments (Atom)
0 kommentarer:
Post a Comment